Embassy of the Republic of the Union of Myanmar
London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

Announcements

Friday 02, December, 2016 New Visa fees Payment Announcement

Latest Updates

Activities

Certificate of Identity

မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားခြင်း နှင့်
ပတ်သက်သည့် ညွှန်ကြားချက်များနှင့် အချက်အလက်များ

ရေမျောဒုက္ခသည်များ၊   ပြစ်ဒဏ်ကျခံ၍   လွတ်မြောက်သူများနှင့်  နိုင်ငံကူးလက် မှတ် မရှိသည့်အတွက် မြန်မာနိုင်ငံသို့အပြီးပြန်လိုသော မြန်မာနိုင်ငံသားများအား တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) C of I လျှောက်ထားနိုင်ပါသည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားရာတွင် အောက်ဖောပြပါအချက်များ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည် -

(က)

မြန်မာနိုင်ငံမှ စတင်ထွက်ခွါလာသည့်အချိန်မှ လက်ရှိနေထိုင် သည့်နိုင်ငံသို့ မည်သို့မည်ပုံ ရောက်ရှိလာကြောင်း အကျိုး အကြောင်း ဖော်ပြထားသည့် ကိုယ်ရေးလျှောက်လွှာပုံစံ (သံအမတ်ကြီး ထံသို့ လိပ်မူပြီး)

-

(၄) စုံ

(ခ)

ကိုယ်ရေးမှတ်တမ်း (ဓါတ်ပုံကပ်ပြီး)

-

(၄) စုံ

(ဂ)

နိုင်ငံကူးလက်မှတ်မိတ္တူ

-

(၄) စုံ

(ဃ)

မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ -

  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
  • အိမ်ထောင်စုသန်းခေါင်စာရင်းမိတ္တူ

-

(၄) စုံ

(င)

ဗီဇာမိတ္တူ

-

(၄) စုံ

(စ)

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ဆက်သွယ်ရမည့် လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်

 

 

                   

  • Download : ကိုယ်ရေးမှတ်တမ်းပုံစံ ရယူရန်