Embassy of the Republic of the Union of Myanmar
London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဗြိတိန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် (၇၁) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်မည့်ခရီးစဉ် (၁၀-၉-၂၀၁၆ ရက်နေ့ ၊လန်ဒန်မြို့)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဗြိတိန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနှင့် (၇၁) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်မည့်ခရီးစဉ်
(၁၀-၉-၂၀၁၆ ရက်နေ့ ၊လန်ဒန်မြို့)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ဒန်မြို့ Heathrow လေဆိပ်သို့ ဒေသစံတော်ချိန် ၁၉:၁၅ နာရီတွင် ရောက်ရှိခဲ့ပါသည်။

...

လေဆိပ်တွင် ဗြိတိန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းနှင်‌့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Patrick တို့မှ ခရီးဦးကြိုဆိုခဲ့ကြပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တည်းခိုမည့် Dorchester Hotel တွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဗြိတိန်နိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Mr Sayakane Sisouvong ၊ ASEAN-London Committee (ALC) အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Dr. Rizal Sukma ၊ ဗြိတိန်နိုင်ငံဆိုင်ရာ ဘရူနိုင်း High Commissioner ဖြစ်သူ H.E. Major-General Dato Amiuddin Ihsan ၊ သံအမတ်ကြီးဦးကျော်စွာမင်း၏ ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ်တင်မောင်ဆွေနှင်‌့ ဇနီး နှင့်သံရုံးဝန်ထမ်းများကကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းဓာတ်ပုံ- မြန်မာသံရုံး ၊ လန်ဒန်မြို့

Announcements

Latest Updates

Activities