Embassy of the Republic of the Union of Myanmar
London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

Announcements

Latest Updates

Activities

Press Release on Report of Malaysian NGOs’aid flotilla for a specific community in Rakhine State

1. The Ministry of Foreign Affairs of the Republic of the Union of Myanmar informed the Embassy of Malaysia in Yangon regarding the report of Malaysian NGOs’ aid flotilla for providing a specific community in Rakhine, dated on 5th January, 2017.

2. In this regard, the Ministry presented its compliments to the Embassy and had the honour to draw the kind attention of the Embassy to the news reports of Malaysian NGOs planning to send aid flotilla to help a specific community in the northern Rakhine State, Myanmar.

3. The Ministry notified that Myanmar welcomes humanitarian assistance from the Governments of the fellow ASEAN Member States to both communities in Rakhine State without any discrimination and the proposal should be made through the proper diplomatic channel. In this regard, the Ministry would like to refer to its Note No.31 46 (01) /2017 (12) dated 2 January 2017, addressed to all Embassies of the ASEAN Member States in Yangon, informing of the arrangements to be pursued in facilitating cash or in-kind support to Rakhine State from the ASEAN Member States.

4. The Ministry informed the Embassy that the Ministry is currently working closely with the Embassy of Indonesia for the deliverance of humanitarian assistance, donated by the Government of Indonesia to both communities in Rakhine State through diplomatic channel. The Ministry hopes that as a fellow member of ASEAN, Malaysia will also follow the example of Indonesia if the Government or non-governmental organizations wish to provide necessary humanitarian assistance to those in need in Rakhine State.

5. It is released that the Embassy of Malaysia have been informed that the Ministry would be grateful if the Government of Malaysia could kindly take necessary measures to prevent the reported attempt by certain NGOs to send aid flotilla which cannot be allowed to enter without prior approval from the Government of Myanmar.

(State Counsellor Office Information Committee)

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အသိုင်းအ၀ိုင်းတစ်ခုအား ထောက်ပံ့ရန် မလေးရှားနိုင်ငံ NGOs များ၏
ထောက်ပံ့ရေးရေယာဉ်များ စေလွှတ်မည့်သတင်းနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်

၁။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အသိုင်းအဝိုင်းတစ်ခုအား ထောက်ပံ့ရန် မလေးရှားနိုင်ငံ NGOsများ၏ အထောက် အပံ့ရေယာဉ်များ စေလွှတ်မည့် သတင်းများနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၅ ရက်နေ့ ရက်စွဲဖြင့် မြန်မာနိုင်ငံရှိ မလေးရှားသံရုံးအား အကြောင်းကြားခဲ့သည်။

၂။ ယင်းသို့ အကြောင်းကြားရာတွင် ရန်ကုန်မြို့ရှိ မလေးရှားသံရုံးအနေဖြင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အသိုင်းအ၀ိုင်းတစ်ခုအား ကူညီရန် အထောက်အပံ့ရေယာဉ်များ စေလွှတ်ရန် စီစဉ်နေသော မလေးရှား NGOs များ၏ သတင်းများနှင့် ပတ်သက်၍ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရေး အလေးပေး ဆောင်ရွက်နေခြင်းအပေါ် ၀မ်းမြောက်မိကြောင်း။

၃။ အာဆီယံအဖွဲ့ဝင်နိုင်ငံ အစိုးရများအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လူ့အသိုင်းအ၀ိုင်း နှစ်ခုလုံးအတွက် ခွဲခြားမှု မရှိဘဲ ပေးပို့လာမည့် လူ့သားချင်းစာနာထောက်ထားမှု အကူအညီများကို မြန်မာနိုင်ငံက ၀မ်းမြောက် ကြိုဆိုပါကြောင်း၊ ထောက်ပံ့ကူညီလိုသည့် အာဆီယံနိုင်ငံများအနေဖြင့် လျော်ကန်သင့်မြတ်သည့် သံတမန် လမ်း ကြောင်းများမှတစ်ဆင့် အဆိုပြုချက်များ တင်ပြ ဆောင်ရွက်ရန်၊ ရခိုင်ပြည်နယ်သို့ လှူဒါန်းလိုသည့် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများအား ငွေသား သို့မဟုတ် အလားတူ ကူညီမှုများကို သံတမန်လမ်းကြောင်း ဖြင့်သာ ပေးအပ်ကြရန် ဇန်နဝါရီလ ၂ ရက်၊ ရက်စွဲပါ စာအမှတ်၊ ၃၁ ၄၆ (၀၁)/၂၀၁၇ (၁၂) ဖြင့် ရန်ကုန်မြို့ တွင် အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများသို့ အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း။

၃။ အင်ဒိုနီးရှားနိုင်ငံအစိုးရက သံတမန်လမ်းကြောင်းမှတစ်ဆင့် လှူဒါန်ခဲ့သော လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီများကို ရခိုင်ပြည်နယ်ရှိ အသိုင်းအ၀ိုင်း နှစ်ခုစလုံးသို့ ထောက်ပံ့ပေးပို့နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်ဒိုနီးရှားသံရုံးနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ အလားတူ အာဆီယံ အစိုးရများ သို့မဟုတ် အစိုးရမဟုတ်သောအဖွဲ့အစည်းများအနေဖြင့် အကူအညီ လိုအပ် နေသည့် ရခိုင်ပြည်နယ်ရှိ ဒေသများသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပေးအပ် လိုပါက အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ဖြစ်သည့် မလေးရှားနိုင်ငံအနေဖြင့်လည်း အင်ဒိုနီးရှားနိုင်ငံကို ဥပမာပြု၍ ဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း။

၎။ ထို့ကြောင့် NGOs အဖွဲ့အစည်းများမှ မြန်မာနိုင်ငံအစိုးရ၏ ကြိုတင်ခွင့်ပြုချက် မရယူဘဲ ၀င်ရောက်ခွင့် ပြုမထားသော အထောက်အပံ့ရေယာဉ်များ စေလွှတ်မည့် သတင်းများအပေါ် တားဆီးရန်အတွက် မလေးရှား နိုင်ငံ အစိုးရမှ လိုအပ်သည့် နည်းလမ်းများ ဆောင်ရွက်ပေးသွားမည် ဆိုပါက ကျေးဇူးတင်ရှိမည်ဖြစ်ကြောင်း မလေးရှား သံရုံးအား အကြောင်းကြားထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)