Embassy of the Republic of the Union of Myanmar
London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း-ယူကေ Nationalities of the Union of Myanmar Association-UK (NUMAUK)၏ ဖွင့်ပွဲအခမ်းအနား ကျင်းပမှု

ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း-ယူကေ
Nationalities of the Union of Myanmar Association-UK (NUMAUK)၏ ဖွင့်ပွဲအခမ်းအနား ကျင်းပမှု

ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း-ယူကေ Nationalities of the Union of Myanmar Association-UK (NUMAUK) ၏ ဖွင်‌့ပွဲအခမ်းအနားအစီအစဉ်အား ၂၈-၁-၂၀၁၇ ရက်နေ့၊ မွန်းတည့် (၁၂းဝဝ)နာရီတွင် လန်ဒန်မြို့ရှိ Winston Churchill Hall ၌ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်း၏အမြဲတမ်း နာယကဖြစ်သူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း၊ အသင်းဥက္ကဌ ဒေါက်တာတင့်လွင်၊ အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းတာဝန်ရှိသူများနှင့် အသင်းဝင်များ၊ သံဃာတော်များ၊ မြန်မာအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ အသင်းကြီးအား စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။
ပထမအကြိမ် ညီလာခံအစည်းအဝေးအား မွန်းလွဲ (၁၄းဝဝ)နာရီမှ (၁၅းဝဝ)နာရီအထိ ကျင်းပခဲ့ပါသည်။ ညီလာခံအစည်းအဝေးအား နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီးနောက် အသင်း၏အမြဲတမ်းနာယကဖြစ်သူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြား၍ လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် ဖြစ်ပေါ် တိုးတက်မှုများ၊ အသင်းကြီးပေါ်ပေါက်လာပုံ အကျဉ်းချုပ်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အစီအစဉ်အရ အသင်း၏ဖွဲ့စည်းပုံနှင့် အလုပ်အမှုဆောင်အဖွဲ့အား အတည်ပြုခဲ့ကြပါသည်။ ထို့နောက် အသင်း၏ဥက္ကဌဖြစ်သူ ဒေါက်တာတင့်လွင်မှ အမှာစကားပြောကြားခဲ့ပါသည်။ တိုင်းရင်းသားကိုယ်စားလှယ်များဖြစ်ကြသည့် ကရင်ကိုယ်စားလှယ် ဒေါက်တာဂျွန်မြသန်းဝင်းမှ လည်းကောင်း၊ ချင်းကိုယ်စားလှယ်များအဖြစ် Father David Haokip နှင့် ဦးဂျွန်မောင်တို့မှ လည်းကောင်း အသီးသီးအမှာစကားပြောကြားခဲ့ပါသည်။
ထို့ပြင် အခမ်းအနားအစီအစဉ်တွင် မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသည့် ဘုရား ပုထိုးများ၊ ကမ္ဘာလှည့်ခရီးသွားစိတ်ဝင်စားဖွယ်နေရာများ၊ မြန်မာ့ယဉ်ကျေးမှုအကများကို ဗီဒီယိုဖြင့်ပြသခဲ့ ပါသည်။ အသင်းဝင်များအား အသင်းဝင်ကတ်ပြားများထုတ်ပေးခြင်း ကိစ္စရပ်များကိုလည်း ပြုလုပ် ခဲ့ပါသည်။
ဖျော်ဖြေမှုအစီအစဉ်များအဖြစ် မြန်မာ့ရိုးရာတေးသီချင်းများနှင့် အကများဖြင့် သီဆို ဖျော်ဖြေခဲ့ကြပြီး အသင်း၏ရန်ပုံငွေရရှိရေးအတွက် မြန်မာ့ရိုးရာအစားအသောက်များကိုလည်း ရောင်းချခဲ့ကြပါသည်။ အလားတူ ကံစမ်းမဲလက်မှတ်မဲဖောက်ပေးခြင်းအစီအစဉ်များလည်း ကျင်းပခဲ့ပါ သည်။ ဖွင့်ပွဲအခမ်းအနား အစီအစဉ်မှာ ညနေ (၁၇း၃၀)နာရီတွင် ပြီးဆုံးခဲ့ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း-ယူကေအား မြန်မာသံရုံးမှ သံအမတ်ကြီး၏ ဦးဆောင်လမ်းညွှန်မှုနှင့်အညီ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအကျိုး ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေးနှင်‌့ နိုင်ငံရေးအရောင်အသွေးကင်းရှင်း၍ စည်းလုံးညီညွတ်သည်‌့ ပြည်ပရောက် မြန်မာ့လူမှုရေးအသင်းအဖွဲ့ ဖွဲ့စည်းတည်ထောင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါ သည်။
သတင်းဓါတ်ပုံ
မြန်မာသံရုံး၊ လန်ဒန်မြို့

Announcements

Latest Updates

Activities