Embassy of the Republic of the Union of Myanmar
London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ASEAN-London Committee (ALC)၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လွှဲပြောင်းလက်ခံခြင်း အခမ်းအနား (၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ လန်ဒန်မြို့)

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အာဆီယံနိုင်ငံများ၏ သံရုံးများဖြင့် ဖွဲ့စည်းထားသည့် ASEAN-London Committee (ALC)၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်အား မလေးရှားသံရုံး၊ လန်ဒန် မြို့ထံမှ မြန်မာသံရုံး၊ လန်ဒန်မြို့မှ လွှဲပြောင်းလက်ခံသည့် အခမ်းအနားနှင့် 1/2018 ALC အစည်းအဝေးအား လန်ဒန်မြို့၊ Park City Grand Plaza Hotel ၌ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့၊ နံနက် (၁၀၀၀)နာရီမှ နေ့လယ် (၁၄၀၀)နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနား၌ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်း ထံသို့ လက်ရှိ ALC အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ဗြိတိန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Mr. Dato Ahmad Rasidi Hazizi မှ ALC အလှည့်ကျဥက္ကဋ္ဌ တာဝန်အား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထို့နောက် 1/2018 ALC အစည်းအဝေးကို မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းမှ သဘာပတိအဖြစ် ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။

  သို့ဖြစ်ပါ၍မြန်မာသံရုံး၊ လန်ဒန်မြို့အနေဖြင့် ASEAN-London Committee ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်အား ၂၀၁၈ ခုနှစ် ပထမနှစ်ဝက်ကာလ တာဝန်ယူမည်ဖြစ်ပါသည်။

သတင်း/ဓါတ်ပုံ - မြန်မာသံရုံး၊ လန်ဒန်မြို့

Announcements

Latest Updates

Activities