ရေမျောဒုက္ခသည်များ၊ ပြစ်ဒဏ်ကျခံ၍ လွတ်မြောက်သူများနှင့် နိုင်ငံကူးလက် မှတ် မရှိသည့်အတွက် မြန်မာနိုင်ငံသို့အပြီးပြန်လိုသော မြန်မာနိုင်ငံသားများအား တစ်ကြိမ် တစ်ခါသုံး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity) C of I လျှောက်ထားနိုင်ပါသည်။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် လျှောက်ထားရာတွင် အောက်ဖောပြပါအချက်များ တင်ပြလျှောက်ထားရမည်ဖြစ်ပါသည် -
(က) |
မြန်မာနိုင်ငံမှ စတင်ထွက်ခွါလာသည့်အချိန်မှ လက်ရှိနေထိုင် သည့်နိုင်ငံသို့ မည်သို့မည်ပုံ ရောက်ရှိလာကြောင်း အကျိုး အကြောင်း ဖော်ပြထားသည့် ကိုယ်ရေးလျှောက်လွှာပုံစံ (သံအမတ်ကြီး ထံသို့ လိပ်မူပြီး) |
- |
(၄) စုံ |
(ခ) |
ကိုယ်ရေးမှတ်တမ်း (ဓါတ်ပုံကပ်ပြီး) |
- |
(၄) စုံ |
(ဂ) |
နိုင်ငံကူးလက်မှတ်မိတ္တူ |
- |
(၄) စုံ |
(ဃ) |
မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားများ -
|
- |
(၄) စုံ |
(င) |
ဗီဇာမိတ္တူ |
- |
(၄) စုံ |
(စ) |
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ဆက်သွယ်ရမည့် လိပ်စာနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ် |
|
|