Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများနှင့်တွေ့ဆုံဆွေးနွေးခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၁-၅-၂၀၁၆ ရက်နေ့ မွန်းလွဲ ၁၄းဝဝ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ အေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ အကြီးအကဲများနှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ယင်းအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။


ယင်းသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးမှ ကုလသမဂ္ဂအေဂျင်စီများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ လုပ်ငန်းများသည် မြန်မာနိုင်ငံ အစိုးရ၏ ဦးစားပေးလုပ်ငန်းအစီအမံများ ၊ ပြည်သူများ၏လိုအပ်ချက်များနှင့် ကိုက်ညီရန်လိုအပ်ပါကြောင်း၊ ကာလတိုလုပ်ငန်းစီမံချက်များအောင်မြင်စွာ အကောင်အထည်ဖော်ရေးနှင့်အတူ ရေရှည်အတွက်ပါ အကျိုးဖြစ်ထွန်းရေးကို ဦးတည်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုဘဝလုံခြုံမှုနှင့် လွတ်လပ်မှု (security and freedom) ကို ဟန်ချက်ညီညီဖြစ်အောင် ဖော်ဆောင်ပေးရန်လိုအပ်မည်ဖြစ် ကြောင်း၊ မြန်မာနို်င်ငံဘက်မှလည်း လိုအပ်သည့် ပူးပေါင်းညှိနှိုင်းမှုများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအေဂျင်စီများ ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများတွင် တူညီသည့် ရည်မှန်းချက်ရှိ ကြောင်း၊ ၄င်းမှာ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုသည် အောင်မြင်သည့်ဖြစ်စဉ်တစ်ရပ်အဖြစ် ပေါ်ထွန်းလာသည်ကို မြင်တွေ့လိုခြင်းပင် ဖြစ်ကြောင် ဖြင့်ထည့်သွင်းပြောကြားသွားပါသည်။

Announcements

Latest Updates

Thursday 08, November, 2018 Invest Myanmar Summit 2019

Activities