ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၂၅/ ၂၀၁၆
၁၃၇၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်
(၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက်)
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးကော်မတီ ဖွဲ့စည်းခြင်း
၁။ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) အား အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (National Reconciliation and Peace Centre- NRPC) အဖြစ် ပြန်လည်ဖွဲ့စည်းဆောင်ရွက်နိုင်ရန်အတွက် “အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေးကော်မတီ” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
(က) |
ဦးကျော်တင့်ဆွေ ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန |
ဥက္ကဋ္ဌ |
(ခ) |
ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန |
ဒုတိယဥက္ကဋ္ဌ |
(ဂ) |
ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး |
အဖွဲ့ဝင် |
(ဃ) |
ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး(ငြိမ်း) |
အဖွဲ့ဝင် |
(င) |
ဦးဝင်းမြင့် ဒုတိယရှေ့နေချုပ် ပြည်ထောင်စုရှေ့နေချုပ်ရုံး |
အဖွဲ့ဝင် |
(စ) |
ဦးခင်မောင်ဝင်း ညွွှန်ကြားရေးမှူးချုပ် ဝန်ထမ်းရေးရာဦးစီးဌာန ပြည်ထောင်စုရာထူးဝန်အဖွဲ့ |
အဖွဲ့ဝင် |
(ဆ) |
ဒေါက်တာတင်မျိုးဝင်း စေ့စပ်ညှိနှိုင်းရေးတာဝန်ခံ |
အဖွဲ့ဝင် |
(ဇ) |
ဒေါက်တာမင်းဇော်ဦး အဖွဲ့ဝင်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ |
အဖွဲ့ဝင် |
(စျ) |
ဦးမိုးဇော်ဦး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး |
အဖွဲ့ဝင် |
(ည) |
ဦးမောင်မောင်တင့် ညွှန်ကြားရေးမှူးချုပ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန |
အတွင်းရေးမှူး |
၂။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည်ဖွဲ့စည်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည်-
(က) |
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ NRPC ကို ပြင်ဆင်ဖွဲ့စည်းမှု ပြုလုပ်ရန်။ |
(ခ) |
နေပြည်တော်တွင် ဗဟိုဌာနရုံးချုပ်ထားရှိပြီး ရန်ကုန်ရှိ ယခင် MPC ကို NRPC ၏ ရန်ကုန်ရုံးခွဲအဖြစ် ဖွဲ့စည်းရန်။ |
(ဂ) |
NRPC ဖွဲ့စည်းပုံ ရေးဆွဲရာတွင် ၀န်ထမ်းများအား နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ရေးဆွဲဆောင်ရွက်ရန်။ |
(ဃ) |
မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ပြည်တွင်းပြည်ပ ထောက်ပံ့ကူညီမှုများ၊ နိုင်ငံတော်ဘတ်ဂျက်မှ ခွဲဝေကျခံ သုံးစွဲမှုများ စနစ်တကျ ရှိစေရေးအတွက် အလှူရှင်များနှင့် ညှိနှိုင်းရေး လုပ်ငန်းစဉ်များ ကို NRPC က တာဝန်ယူဆောင်ရွက်နိုင်သည်အထိ ဖွဲ့စည်း ပေးရန်။ |
(င) |
အပိုဒ် (ဃ)ပါ ညှိနှိုင်းရေးလုပ်ငန်းစဉ်များအတွက် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးရန်။ |
(စ) |
NRPC တွင် ပါ၀င်သင့် ပါ၀င်ထိုက်သူများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ ရုံးအဖွဲ့တွင် ခန့်အပ်သင့်သူများနှင့် အခြားလိုအပ်သည်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အဆိုပြုတင်ပြရန်။ |
(ဆ) |
NRPC ကို အင်စတီကျူးရှင်းတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ဖွဲ့စည်း လည်ပတ် နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးများ ပုံမှန်ကျင်းပပြီး အစည်းအဝေး ဆုံးဖြတ်ချက်များ၊ ကော်မတီ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ပုံမှန်တင်ပြရန်။ |
(ပုံ) ထင်ကျော်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်