နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာများ၊ နိုင်ငံတကာကိစ္စရပ်များတွင် အာဆီယံကိုယ်စား တက်ကြွစွာ ဦးဆောင်မှုပေးရေး ဆွေးနွေး
နေပြည်တော်၊ ဇွန် ရ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူသမ္မတ နိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတအိမ် တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ၁၉၉၉ ခုနှစ်က ချုပ်ဆိုခဲ့သော နှစ်နိုင်ငံအကြား အခွန် နှစ်ထပ် မဖြစ်စေရေး သဘောတူစာချုပ်ကို ခေတ်အခြေအနေနှင့်အညီ ပြန်လည် သုံးသပ်၍ ပြင်ဆင်ချုပ်ဆိုနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး၊ စင်ကာပူ လေကြောင်းလိုင်းများ မြန်မာနိုင်ငံ မြို့ကြီးများသို့ တိုက်ရိုက် ပျံသန်း ပို့ဆောင်ပေးသည့် သီးသန့်ခရီးစဉ် ပြေးဆွဲရေး အပါအဝင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-စင်ကာပူ သက်မွေးပညာ သင်တန်းကျောင်း၌ ၀န်ဆောင်မှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ တိုးမြှင့််ဖွင့်လှစ်သင် ကြားရေး တို့ကို ဆွေးနွေးကြသည်။
ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတကာ မျက်နှာစာများ၊ နိုင်ငံတကာကိစ္စရပ်များတွင် အာဆီယံကိုယ်စား တက်ကြွစွာ ဦးဆောင်မှုပေးရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံအကြား သာမန်နိုင်ငံကူးလက်မှတ်ကိုင် ဆောင်သူ များ ရက်(၃၀) ဗီဇာကင်းလွတ်ခွင့်ဖြင့် အပြန်အလှန် သွားရောက်နိုင်ရေး သဘောတူ ညီချက်ကို ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူ သံအမတ်ကြီး မစ္စတာ ရောဘတ်ချွာတို့က လဲလှယ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။