Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်သမ္မတ ဦးထင်ကျော် စင်ကာပူသမ္မတနိုင်ငံ ၀န်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြုကြိုဆို

နေပြည်တော် ဇွန် ရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရောက်ရှိနေသော စင်ကာပူသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သို့ ရောက်ရှိရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်တို့က  ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးနှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နှစ်နိုင်ငံ အကြီးအကဲများဖြစ်ကြသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် စင်ကာပူ သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လုံးတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှန်လုံး တို့သည် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေးကြသည်။

တွေ့ဆုံစဉ် ၁၉၉၉ ခုနှစ်က ချုပ်ဆိုခဲ့သော နှစ်နိုင်ငံအကြား အခွန်နှစ်ထပ်မဖြစ်စေရေး သဘောတူ စာချုပ်ကို ခေတ်အခြေအနေနှင့်အညီ ပြန်လည် သုံးသပ်၍ ပြင်ဆင်ချုပ်ဆိုနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး၊ စင်ကာပူ လေကြောင်းလိုင်းများ မြန်မာနိုင်ငံ မြို့ကြီးများသို့ တိုက်ရိုက်ပျံသန်း ပို့ဆောင်ပေးသည့် သီးသန့်ခရီးစဉ် ပြေးဆွဲရေး အပါအဝင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-စင်ကာပူ သက်မွေး ပညာ သင်တန်းကျောင်း၌ ၀န်ဆောင်မှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ တိုးမြှင့်် ဖွင့်လှစ်သင်ကြားရေး တို့ကို ဆွေးနွေးကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူ များ တက်ရောက်ကြပြီး ဧည့်သည်တော် စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာ နိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွာလည်း တက်ရောက်သည်။

ညပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့က စင်ကာပူ သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ လီရှိန်လုံးနှင့် ဇနီးတို့အား နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံကြသည်။

ညစာစားပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ညစာစားပွဲအပြီးတွင် စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ်နှင့် ဇနီးတို့ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား သဘင်ဆောင်၌ မြန်မာ့အသံ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ တေးသံရှင်များနှင့် အနုပညာရှင်များက တေသံသာများ၊ အကအလှများဖြင့်  ဖျော်ဖြေတင်ဆက်ကြသည်။

စင်ကာပူသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လုံး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိလာရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး၊ ဦးအုန်းမောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဌေးအောင်၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွာနှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။

စင်ကာပူသမ္မတနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်တွင် ကျရောက်လျက် ရှိနေသေးသည့် ၁၉၅၂ ခုနှစ် စက်တင်ဘာ ကတည်းက မြန်မာနှင့် စင်ကာပူတို့အကြား ကောင်စစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့သည်။ ၁၉၆၁ ခုနှစ် ဧပြီ ၁၂ ရက်နေ့တွင် ကောင်စစ်ဝန်ချုပ်အဆင့်အထိ တိုးမြှင့် ဆောင်ရွက်ခဲ့သည်။

စင်ကာပူသည် မလေးရှားမှ ခွဲထွက်ပြီး တရားဝင်အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ် ၁၉၆၅ ခုနှစ် သြဂုတ် ၉ရက်နေ့တွင် ကြေညာနိုင်ခဲ့ပြီးနောက် စင်ကာပူသမ္မတနိုင်ငံအား မြန်မာနိုင်ငံမှ အသိအမှတ်ပြုကြောင်းကို ၁၉၆၅ ခုနှစ် သြဂုတ် ၁၄ ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့သည်။ ယင်းနောက် မြန်မာ-စင်ကာပူ သံအမတ်ကြီး အဆင့် ဆက်သွယ်ဆောင်ရွက်မှုကို ၁၉၆၆ ခုနှစ် သြဂုတ် ၁၂ ရက်နေ့တွင် စတင်ခဲ့ သည်။

၁၉၇၁ ခုနှစ်အထိ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား စင်ကာပူ နိုင်ငံသို့ တွဲဖက်ခန့်ထားခဲ့ပါသည်။ ၁၉၇၁ ခုနှစ် ၁၉၇၄ ခုနှစ်အကြား မည်သည့် မြန်မာ သံအမတ်ကြီးများကိုမျှ စင်ကာပူနိုင်ငံသို့ တွဲဖက်ခန့်ထားခဲ့ခြင်း မရှိဘဲ ၁၉၇၄ ခုနှစ်တွင် မှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးများအား စင်ကာပူနိုင်ငံသို့ တွဲဖက်ခန့်ထားခဲ့ပါ သည်။

အလားတူ စင်ကာပူဘက်မှလည်း ၁၉၇၅ ခုနှစ် ဖေဖော်ဝါရီမှစ၍ ထိုင်းနိုင်ငံ ဆိုင်ရာ စင်ကာပူသံအမတ်ကြီးများအား ပြည်ထောင်စုမြန်မာနိုင်ငံတော်သို့ တွဲဖက်ခန့် ထားခဲ့သည်။ နှစ်နိုင်ငံအကြား သက်ဆိုင်ရာ မြို့တော်များ၌ သံအမတ်ကြီးများ ခန့်အပ်ရေးကို ၁၉၉၄ ခုနှစ် ဇူလိုင်တွင် နှစ်ဖက်သဘောတူ ဆောင်ရွက်ခဲ့ကြသည်။                                                                                      

Announcements

Latest Updates

Activities