နိုုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အာရှဒေသရှိ မြန်မာသံအမတ်ကြီးများ၏ တွေ့ဆုံဆွေးနွေးမှုကို ယနေ့ မွန်းလွဲ ၁၄းဝဝ နာရီအချိန်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာသံအမတ်ကြီးများသည် အစိုးရသစ်၏မူဝါဒများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာသံရုံးများ၏ ဆောင်ရွက်နေသည့် လုပ်ငန်းများညှိနှိုင်းရေး ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အာရှဒေသမှ မြန်မာသံအမတ်ကြီး (၁၈)ဦး တက်ရောက်ခဲ့ပါသည်။