နေပြည်တော် ဇွန် ၁၇
နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဂျာမနီနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုဝန်ကြီးဌာန ၀န်ကြီးဒေါက်တာ Gerd Muller ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့့ မွန်းလွဲ (၂) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် စီးပွားရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကြောင်း ပညာသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး၊ အသေးစား စက်မှု လုပ်ငန်းများအတွက် နည်းပညာနှင့် ဘဏ္ဍာရေး အကူအညီများ ပိုမိုပေးအပ်နိုင်ရေး၊ ခေတ်မီ စိုက်ပျိုးရေး နည်းပညာများ ရရှိရေးနှင့် လယ်ယာထွက်ကုန် ပစ္စည်းစက်ရုံများ ထူထောင် နိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် (၂၁) ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက် နေမှုတို့ကို ဆွေးနွေးကြပြီး နိုင်ငံတော်သမ္မတအား ဧည့်သည်တော်ဝန်ကြီးက ဂျာမနီနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက် လည်ပတ်နိုင်ပါရန် ဖိတ်ကြားခဲ့သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးမောင်မောင်ဝင်း တို့ တက်ရောက်ကြသည်။