Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ တရားဝင် ခရီးထွက်ခွာ ■

နေပြည်တော်၊ ဇွန် ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ဗိ်ုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း) ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင် ခရီးသွားရောက်ရန် ယနေ့နံနက် ၀၉း၅၀ နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းလေကြောင်း ဖြင့် ထွက်ခွာသွားပါသည်။

လေဆိပ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရတာဝန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံသို့ ယနေ့မှစ၍ ဇွန်လ ၂၅ ရက်နေ့အထိ သွားရောက်မည် ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ သွားရောက်သော ပထမဆုံး ခရီးစဉ်လည်း ဖြစ်သည်။

ခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံခြင်း၊ ထိုင်းဝန်ကြီးချုပ်အပါအဝင် ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ထိုင်းနိုင်ငံရောက် မြန်မာများ အရေးကိစ္စအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊ နှစ်နိုင်ငံငံသဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်း၊ ထိုင်းတက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအား “ Myanmar, ASEAN and the World : The Way Forward” ခေါင်းစဉ်ဖြင့် ဟောပြောခြင်းများ ဆောင်ရွက်မည် ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း နှင့် နို်င်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် တို့ လိုက်ပါသွားကြသည်။

Announcements

Latest Updates

Thursday 08, November, 2018 Invest Myanmar Summit 2019

Activities