နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဗီယင်ကျန်းမြို့ National Convention Center တွင် ကျင်းပလျက်ရှိသည့် (၄၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့ (၂၆-၇-၂၀၁၆) တွင် နံနက် ၀၉းဝဝ နာရီ ၌ 17th ASEAN Plus Three Meeting ကိုလည်းကောင်း၊ ၁၀း၄၅ နာရီတွင် 6th East Asia Summit Foreign Ministers' Meeting ကိုလည်းကောင်း၊ မွန်းလွဲ ၁၄းဝဝ နာရီတွင် 23rd ASEAN Regional Forum ၏ ၀န်ကြီးများ သီးသန်...့အစည်းအဝေးကိုလည်းကောင်း၊ ယင်းနောက် 23rd ASEAN Regional Forum ကိုလည်းကောင်း တက်ရောက်လျက်ရှိပါသည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲ ၁၅း၁၀ နာရီတွင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr.Gen(Retd) V.K.Singh နှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး။ ဆက်သွယ်ရေးကဏ္ဍ အတွက် ဆောက်လုပ်ဆဲလမ်းများကိစ္စ၊ စိုက်ပျိုးရေးသုတေသန လုပ်ငန်းကိစ္စ စသည်တို့ ဆွေးနွေးခဲ့ပါသည်။