နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် သည် မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းတစ်ရပ်ကို ၄-၈-၂၀၁၆ ရက်နေ့တွင် အမျိုးသားလွှတ်တော်မှ ဆွေးနွေးပေးနိုင်ရန်အတွက် တင်သွင်း ခဲ့ပါသည်။
မြန်မာနိုင်ငံ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေ (Myanmar Territorial Sea and Maritime Zones Law) ကို ၁၉၇၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နိုင်ငံတော်၏ ပိုင်နက်ပင်လယ်၊ ဆက်စပ်ကမ်းလွန်ရေတိမ်ပိုင်းနှင့် သီးသန့်စီးပွားရေးဇုန်တို့ကိုသတ်မှတ်ခဲ့ပါသည်။
ယခုအခါ မြန်မာနိုင်ငံသည် ၁၉၈၂ခုန...ှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း(United Nations Convention on the Law of the Sea - UNCLOS) ၏ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခြင်း ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နို်င်ငံတို့အကြား ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးအတွက် International Tribunal for the Law of the Sea (ITLOS)ဖြင့် ၁၄-၃-၂၀၁၂ ရက်နေ့တွင် ချမှတ် ဆုံးဖြတ် ထားသည့် စီရင်ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိခြင်း၊ ရ-၇-၂၀၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ တို့အကြား ပင်လယ်နယ်နိမိတ်ပြဿနာကို Permanent Court of Arbitration (PCA) မှဆုံးဖြတ် ချက်ချပေးပြီးဖြစ်ခြင်း၊ မြန်မာနိုင်ငံအနေဖြင့် ကမ်းလွန်ရေတိမ်ပိုင်း ရေမိုင် (၂၀၀) ထက်ကျော်လွန်ပြီး သတ်မှတ်ရေး အတွက် ဆောင်ရွက်ရန်ရှိခြင်း တို့ကြောင့် မြန်မာနိုင်ငံမှနည်းပညာပိုင်း၊ ဥပဒေပိုင်းများ အရ ပြီးပြည့်စုံမှုရှိစေရန်၊ တိုးတက်ပြောင်းလဲလာသည့် အခြေအနေများနှင့် ကိုက်ညီမှုရှိလာစေရန် ၁၉၇၇ မြန်မာနိုင်ငံပိုင်နက်ပင်လယ် နှင့် ပင်လယ်ဇုန် များဥပဒေ၏ နေရာတွင် မြန်မာနိုင်ငံပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေသစ်ကို ပြဋ္ဌာန်း နိုင်ရန်အတွက် အထက်ပါဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ လက်ခံဆွေးနွေးပေးရန် နိုင်ငံခြားရေးဝန် ကြီးဌာနမှတင်သွင်းခြင်းဖြစ်ပါသည်။