အေကြာင်းအရာ။ ၂၀၁၆-၁၇ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် စာပေးစာယူ သင်တန်းသားများ ခေါ်ယူခြင်း
၁။ အထက်ပါအကြောင်းအရာနှင့်စပ်လျှဥး်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၆ခုနှစ် သြဂုတ်လ ၂ရက် ရက်စွဲပါ စာအမှတ် ၁၁ ၂၂ ၀၄ (၄၈၉) အရ ဗြိတိန်နိုင်ငံတွင် ရောက်ရှိနေကြ သော မြန်မာနိုင်ငံသား ကလေးငယ်များ အနေဖြင့် ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် အခြေခံပညာ စာပေးစာယူသင်တန်း တက်ရောက်နိုင်မည် ဖြစ်ပါသည်။
၂။ လျှောက်ထားသူသည် အောက်ပါ အချက်အလက်များနှင့် ပြည့်စုံရမည် ဖြစ်ပါသည်။
(က)မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ကလေးငယ် ဖြစ် ရပါမည်။ အထောက်အထားအဖြစ် မြန်မာနိုင်ငံသား မိဘ၏ နိုင်ငံကူးလက်မှတ် မိတ္တူမှန်နှင့် ကလေးငယ်၏ နိုင်ငံကူးလက်မှတ် မိတ္တူမှန် တင်ပြရပါမည်။
(ခ) သူငယ်တန်းသို့ တက်ရောက်သင်ယူခွင့် လျှောက်ထားသူသည် ၂၀၁၆ခုနှစ် မေလ (၃၁) ရက် နေ့တွင် အသက် (၅) နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။ အထောက် အထားအဖြစ် မွေးစာရင်း မိတ္တူမှန် တင်ပြရပါမည်။ (သို့မဟုတ်) ပူးတွဲဖေါ်ပြပါ ပုံစံ (က) အတိုင်း ဖြည့်စွက်ပြီး တစ်ပါတည်း တင်ပြရပါမည်။
(ဂ) အခြားအတန်းများအတွက် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် အမြင့်ဆုံးအောင်မြင်ခဲ့သော အတန်းအထောက်အထားဖြင့် အောင်လက်မှတ် (သို့မဟုတ်) ကျောင်းထွက် လက်မှတ် မူရင်းကို တင်ပြရပါမည်။
(ဃ) မူလတန်းအဆင် ့စာပေးစာယူသင်တန်းနှင့် ပတ်သက်၍ ပြဌာန်းထားသော ကျောင်း သုံးစာအုပ်များကို မိမိတို့ အစီအစဉ်ဖြင့် ဝယ်ယူလေ့လာရမည် ဖြစ်ပါသည်။ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲဆိုင်ရာ ဘာသာရပ်အလိုက် လျာထားသော သင်ခန်းစာများကို မြန်မာသံရုံးရှိ ပညာရေးတာဝန်ခံ အရာရှိထံမှ ရယူနိုင်ပါသည်။
(င) လျှောက်ထားသူသည် ပူးတွဲပါ သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံအတိုင်း ဖြည့် စွက်ပြီး လျှောက်လွှာ(၂) စုံတွင် ပတ်စ်ပို့ဓါတ်ပုံ(၂) ပုံ ကပ်၍ ပေးပို့ရန်နှင့် အဆိုပါ လျှောက်လွှာများအား မြန်မာသံရုံး၊ လန်ဒန်သို့ (၃၁၊၈၊၂၀၁၆။ ဗုဒ္ဓဟူးနေ့) ထက် နောက်မကျဘဲ ပေးပို့ရမည် ဖြစ်ပါသည်။
(စ) သင်တန်းသို့ ဝင်ခွင့်ရသည့် ကျောငး်သူ ̸ ကျောင်းသားများသည် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲများ ဝင်ရောက်ဖြေဆို အောင်မြင်ခြင်း ရှိမှသာလျှင် အောင်စာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ၂၀၁၆-၁၇ ပညာသင်နှစ်အတွက် တက်ရောက်လိုသည့် မြန်မာနိုင်ငံသား ကလေးငယ်များ ရှိပါက အခြေခံပညာ စာပေးစာယူသင်တန်း လျှောက်လွှာများကို ဖြည့်စွက်ပြီး သတ်မှတ်ရက်ထက် နောက်မကျဘဲ မြန်မာသံရုံး ၊ လန်ဒန်သို ့ပေးပို ့လျှောက်ထားနိုင်ပါသည်။