နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုုင်ငံတွင် ရောက်ရှိနေသည့် ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်ဖြစ်သူ Mr. Hiroto Izumi အား ယနေ့ နံနက် ၁၀းဝဝ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ရန်ကုန်မြို့ပြမဟာစီမံကိန်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သီလဝါ စီးပွားရေးဇုန်ဖွံံ့ဖြိုးတိုးတက်ရေး၊ ရေသုတေသနလုပ်ငန်းအပါအဝင် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းမှုအတွက်သာမက မြန်မာနိုင်ငံအတွက် ရေရှည်အကျိုးရှိမည်၊့ ပြည်သူများအလုပ်အကိုင်ဖန်တီးပေးနိုင်မည့်၊ လုပ်ငန်းကျွမ်းကျင်မှုတိုးတက်စေမည့်၊ နိုင်ငံအတွင်းရှိ ဒေသများအားလုံးမျှတစွာ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့်အစီအစဉ်များ ထည့်သွင်း စဉ်းစားဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြပါသည်။