Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နို်င်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ၁၈းဝ၅ နာရီအချိန်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းအား နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့ တွေ့ဆုံရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ၄င်းအား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံသို့ ဖိတ်ကြားခံရသည့်အတွက် ၀မ်းမြောက်ကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်အား ထောက်ခံလျက်ရှိကြောင်း ပြသရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရသစ်အနေဖြင့် ဆောင်ရွက် လျက်ရှိသည့် ဒီမိုကရေစီလူ့ဘောင်တည်ဆောက်ရေးအပါအဝင် ကိစ္စရပ် များအား ကုလသမဂ္ဂမှ ဆက်လက်ထောက်ခံပံ့ပိုးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နို်င်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့် အတွင်းရေးမှူးချုပ်တို့သည် တွေ့ဆုံဆွေးနွေးမှုအပြီး ပူးတွဲသတင်းစာရှင်းလင်း ပွဲတစ်ရပ် ပြုလုပ်ခဲ့ပါသည်။

Announcements

Monday 19, November, 2018 INVITATION FOR TENDER

Latest Updates

Tuesday 15, January, 2019 PRESS STATEMENT

Activities