Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် သြဂုတ် ၃၁

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂) (MICC – 2) တွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင် စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းမှူးများ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်သားအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ပါ၀င်သင့်ပါ၀င်ထိုက်သူအစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်၊ KKO ဥက္ကဋ္ဌ စောမူရှေး၊ ကရင် အမျိုးသား လွတ်မြောက် ရေးတပ်မတော်၊ ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA – PC) ဒုတိယဥက္ကဋ္ဌ စောထော့လေး၊ အထွေထွေ အတွင်းရေးမှူး နော်ကပေါ်ထူး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ဒုတိယစစ်ဦးစီးချုပ် ဘောင်ခေး၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ခွန်ဥက္ကာ၊ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ရခို်င်ပြည် လွတ်မြောက်ရေးပါတီ (ALP) ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်း၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ဆလိုင်းလျှန်မှုန်းဆာခေါင်း၊ “ ၀” တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (UWSA ) စစ်ဒေသ ၁၇၁ မှ ဆမ်လော့၊ အထူးဒေသ (၄) မိုင်းလား ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ကချင်အမျိုးသားလွတ် မြောက်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ၊ ဒုတိယဥက္ကဋ္ဌ-၁ ဗိုလ်ချုပ်ဂွမ်မော်၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ဒုတိယဥက္ကဋ္ဌ ခူဦးရယ်၊ စစ်ရေးချုပ်အဆင့်ရှိ ဖုန်းနိုင်၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/ SSA) ဗဟိုကော် မတီဝင် စိုင်းဒူး၊ မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ၊ နိုင်ငံခြား သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ညီညွတ်မှုအခြေခံ ပင်လုံညီလာခံသီချင်းဖြင့် ယဉ်ကျေးမှုအဖွဲ့မှ တိုင်းရင်းသူကလေးများက သီဆိုကပြ ဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်သည်။

ယင်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားသည်။

ဆက်လက်၍ ပြည်သူူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကချင်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းတို့က ကြိုဆိုနှုတ်ခွန်း စကားပြောကြားကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် မြေညီထပ်ရှိ ဧည့်ခန်းမဆောင်၌ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများ၊ နိုင်ငံရေးပါတီများနှင့် တိုင်းရင်းသား အဖွဲ့များမှ တာဝန်ရှိသူများသည် နိုင်ငံတကာမှ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် လည်းကောင်း၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် လည်းကောင်း၊ အစိုးရနှင့် လွှတ်တော်တို့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

Ref , Myanmar State Counsellor Office

Announcements

Monday 19, November, 2018 INVITATION FOR TENDER

Latest Updates

Activities