လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ယနေ့ကျင်းပခဲ့သည့် ၂၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး မျက်နှာစုံညီ (Plenary) အစည်းအဝေးတွင် အာဆီယံပေါင်းစပ်ဆက်သွယ်ရေးဆိုင်ရာ အာဆီယံကြေညာချက် (Vientiane Declaration on the Adoption of the Master Plan on ASEAN Connectivity 2025) နှင့် အာဆီယံပေါင်းစပ်ရေးဆိုင်ရာ ကနဦးလုပ်ငန်းစီမံချက်-၃ (Vientiane Declaration on the Adoption of the Initiative for ASEAN Integration (IAI) Work Plan III) တို့အား အတည်ပြုချမှတ်ခဲ့ပါသည်။
အာဆီယံခေါင်းဆောင်များအနေဖြင...့် အာဆီယံအဖွဲ့ဝင်နို်င်ငံများအကြား အာဆီယံဒေသတွင်းနှင့် ဒေသပြင်ပရှိ သဘာဝဘေးအန္တရာယ်များကို အာဆီယံအနေဖြင့် တုံ့ပြန်ကာကွယ်ခြင်းဆိုင်ရာ အာဆီယံကြေညာချက် (ASEAN Declaration on One ASEAN, One Response: ASEAN Responding to Disasters as One in the Region and Outside the Region) ကို လက်မှတ်ရေးထိုး ခဲ့ကြပါသည်။
ထို့အပြင် Visit [email protected] Campaign Logo ကိုလည်း ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းဓာတ်ပုံ- မြန်မာကိုယ်စားလှယ်အဖွဲ့