Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းမှအဓိကအချက်များ- နိဒါန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ (၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပြောကြားခဲ့သည့် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းမှအဓိကအချက်များ-

နိဒါန်း

- မြန်မာနိုင်ငံ၏အစိုးရသစ်ကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ၏ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်၏ ရည်မှန်းချက်များနှင့် ရပ်တည်ချက်များအပေါ်ထားရှိသည့် မိမိတို့၏ ယုံကြည်လေးစားမှုကို ထပ်လောင်းအတည်ပြုလိုကြောင်း၊

- မြန်မာပြည်သူများအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ၂၀၁၅ ခုနှစ် ၊နိုဝင်ဘာလတွင် တစ်ခဲနက် မဲပေးရွေးချယ်ခဲ့ကြခြင်းမှာ မိမိတို့ပါတီအား ထောက်ခံမှုကို ပြသခြင်းတစ်ခုတည်းမဟုတ်ဘဲ ၎င်းတို့၏ ယုံကြည်မှုနှင့် မျှော်လင့်ခြင်းများအားအခြေခံသည့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ်ကို စတင်လိုက်ခြင်းဖြစ်ကြောင်း၊

- “ဓါးသွားကို ထယ်သွားဖြစ်စေရမည်” ဆိုသည့် ဆိုလိုချက်ကို ပဋိပက္ခများကြောင့် နှစ်ပေါင်းများစွာ ငြိမ်းချမ်းမှုနှင့် အလှမ်းဝေးနေသည့် မြန်မာပြည်သူများ၏ နုလုံးသားများမှ နားလည်လိုလားသည့် အချက်ဖြစ်ပါကြောင်း၊

- ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးသော ပြည်ထောင်စုကို တည်ထောင်ရေးမှာ မိမိတို့အားလုံး၏ ရည်မှန်းချက်ဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်ကိုရောက်ရှိအောင် ဆောင်ကြဉ်းနို်င်သည့် နည်းလမ်းမှာ ငြိမ်းချမ်းရေးလမ်းစဉ်သာဖြစ်ကြောင်း၊

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

- မြန်မာပြည်သူများမှာမွေးရာပါအခွင့်အရေးဖြစ်သည့် ငြိမ်းချမ်းမှုနှင့် လုံခြံုမှု၊ အခြေခံလွတ်လပ်ခွင့်နှင့် ဖွံဖြိုးတိုးတက်မှုအခွင့်အရေးများ ကို ကာလကြာရှည်စွာ ဆုံးရှူံးနေခဲ့ရကြောင်း၊

- ဆယ်စုနှစ် (၆) ခုကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများနှင့် ရင်ဆိုင်နေရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အလျောက် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့မှုရရှိရေးတို့မှာ မိမိတို့အတွက် အရေးအကြီးဆုံးဖြစ်ကြောင်း၊

- အစိုးရသစ်အနေဖြင့် အဆိုပါအချက်ကို ဦးစားပေးအဖြစ်ဆောင်ရွက်လျက်ရှိပြီး မကြာသေးမီက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံကိုကျင်းပခဲ့ကြောင်း၊

- အဆိုပါ ညီလာခံမှာ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့မှုရရှိရေးလုပ်ငန်းစဉ်အတွက် အရေးကြီးသည့် ပထမခြေလှမ်းဖြစ်ကြောင်း၊

ရခိုင်ပြည်နယ်ကိစ္စ

- ပြီးခဲ့သည့် နှစ်အနည်းငယ်မှစတင်၍ ရခိုင်ဒေသတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ကမ္ဘာမှအာရုံစိုက်လာကြောင်း၊

- နို်င်ငံများအလယ် တာဝန်သိသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာမှ ဝေဖန်သုံးသပ်မှုကို စိုးရွံ့နေမည်မဟုတ်ပါကြောင်း၊

- ရခိုင်ဒေသကိစ္စအတွက် မိမိတို့အစိုးရအနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဗဟိုပြုသည့် ဘက်စုံထောင့်စုံ ပါ၀င်သည့် ချဉ်းကပ်မှုမျိုးကိုစတင်ခဲ့ကြောင်း၊

- ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကေ်ာမတီကို တည်ထောင်ခဲ့ကြောင်း ၊
အဆိုပါဗဟိုကော်မတီတွင် လုပ်ငန်းကော်မတီများထပ်မံဖွဲ့စည်းပြီး လုံခြံုရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့်နိုင်ငံသားစိစစ်ရေး၊ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကိုဆောင်ရွက်လျက်ရှိကြောင်း၊

- အဆိုပါ ဆောင်ရွက်ချက်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်မှ ဥက္ကဌ အဖြစ်ဆောင်ရွက်သည့် အကြံပေးကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ကြောင်း၊

- အဆိုပါကော်မရှင်တည်ထောင်မှုနှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်မှုအချို့ရှိပါကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ သဟဇာတရှိစေရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း၊

ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များအားအကောင်အထည်ဖော်မှု

- မြန်မာနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် ဖွံ့ဖြိုးရေးမူဝါဒ(၂၀၁၆) သည် ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များထဲမှ အများစုနှင့် ကိုက်ညီပါကြောင်း၊

- အခြေခံအဆောက်အဦများကဏ္ဍတွင် ရင်းနှီးမြုှပ်နှံမှုများ တိုးတက်ရေး၊ စိုက်ပျိုးရေးကဏ္ဍ၊ ပုဂ္ဂလိကဏ္ဍ၊ SME ကဏ္ဍ စသည်တို့ပါ၀င်ပြီး အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင်ဖန်တီးရေး၊ သဘာဝသယံဇာတများအားကာကွယ်ရေး၊ လူ့စွမ်းအားအရည်အချင်း မြှင့်တင်ရေးနှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီးပေးရေးတို့မှာ ဦးစားပေးရည်မှန်းချက်များ ဖြစ်ပါကြောင်း၊

ရွှေ့ပြောင်းသွားလာနေထိုင်မှု

- ပြဿနာများအားများအား ဖြေရှင်းနိုင်မည့် နည်းလမ်းများရှာဖွေရာတွင် အဆိုပါ ပြဿနာများ၏ အရင်းအမြစ်ကို ရှာဖွေရမည်ဖြစ်ကြောင်း၊

- မကြာသေးမီ နှစ်များအတွင်း တွေ့ကြံုနေရသည့် မကြံုစဖူး များပြားလှသည့် အစုလိုက်အပြံုလိုက် ရွှေ့ပြောင်းသွားလာမှုများ၏ အရင်းခံမှာ ငြိမ်းချမ်းမှုမရှိခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းဖြစ်သည်ကို တွေ့ရကြောင်း၊

- ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်လာပါက အခြေခံလူ့အခွင့်အရေးကိုလေးစားမှု၊ ညီတူ ညီမျှရှိစေမှု ၊မတူကွဲပြားမှုကို အသိအမှတ်ပြု ပြီး သည်းခံနားလည်မှုရှိရေးတို့မှာ အရေးကြီးပါကြောင်း၊

- ရွှေ့ပြောင်းသွားလာနေထိုင်သူများမှာ လက်ခံသည့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးရေး နှင့် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးရေး အတွက် အထောက် အကူပြုသည့် အင်အားများဖြစ်သည်ဆိုသည်ကို လက်ခံရန်လိုအပ်ကြောင်း၊

- ထို့ကြောင့် မူရင်းနိုင်ငံနှင့် လက်ခံသည့် နိုင်ငံတို့အကြားပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးခြင်းဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊

အကြမ်းဖက်မှုတိုက်ဖျက်ရေး

- အစွန်းရောက်အကြမ်းဖက်မှုလုပ်ရပ် ပုံစံမျိုးစုံအား တိုက်ဖျက်ရာတွင် မိမိတို့အနေဖြင့် ညီညွှတ်စွာ ပူးပေါင်း ရပ်တည် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊

- လူမှုရေး၊ စီးပွားရေးလုံခြံုမှုမရှိသည့် အချက်များမှာ အစွန်းရောက်မှု ကိုဖြစ်စေပြီး အကြမ်းဖက်မှုအတွက် အရင်းအမြစ်ဖြစ်စေကြောင်း၊

နျူကလီးယားလက်နက်ဖျက်သိမ်းရေး

- မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ကင်းမဲ့သည့်ကမ္ဘာဖြစ်စေရေးအတွက် ခံယူဆောင်ရွက်လျက်ရှိပါကြောင်း၊
- နျူကလီးယားလက်နက်ဖျက်သိမ်းရေးအတွက် အရင်းအမြစ်မှာ လက်နက်စမ်းသပ်ဖောက်ခွဲမှုများ အလုံးစုံရပ်ဆိုင်းရေးပင်ဖြစ်ကြောင်း၊

- မြန်မာနိုင်ငံအနေဖြင့် Comprehensive Nuclear-Test- Ban Treaty (CTBT)သို့ ယနေ့ မွန်းလွဲပိုင်းတွင်အတည်ပြု လက်မှတ်ရေးထိုး မည်ဖြစ်ကြောင်းကို မိမိအနေဖြင့် အထွေထွေညီလာခံသို့ အသိပေးကြေညာလိုကြောင်း၊

နိဂုံးချုပ်

- အချင်းချင်း လောဘ၊ ဒေါသ၊ မောဟကင်းဝေးပြီး ချစ်ခင် ကြင်နာကြရန်နှင့် တစ်ပါးသူအပေါ် မေတ္တာ ဘာဝနာပွားများနိုင်စေရန် မိမိအနေဖြင့် နိုင်ငံအများစုဝေးသည့် ဤနေရာမှနေ၍မေတ္တာရပ်ခံလိုကြောင်း။

Announcements

Latest Updates

Activities