Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

(၇၁)ကြိမ်မြောက် ကုလသမဂ္ဂနေ့အထိိမ်းအမှတ် ဧည့်ခံပွဲကျင်းပ

(၇၁)ကြိမ်မြောက် ကုလသမဂ္ဂနေ့အထိိမ်းအမှတ် ဧည့်ခံပွဲကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၄

(၇၁) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ballroom ၌ ယနေ့ ညနေ ၆ နာရီက ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောကြားသည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စ ရီနားတား နီကိုလာ လော့ဒ်ဒက်ဆဲလ် လီယန် က ဆက်လက် အမှာစကားပြောကြားကာ ကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များအား ဗွီဒီယိုမှတ်တမ်းဖြင့် ပြသသည်။

အဆိုပါ ဧည့်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန် များနှင့် တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး/သံရုံးအကြီးအကဲများနှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ အကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Credit : Myanmar State Counsellor Office Facebook.

Announcements

Latest Updates

Activities