နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ၊ ဗီယက်နမ်နိုင်ငံသို့ထွက်ခွာ■
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင် တို့သည် အဖွဲ့ဝင်များနှင့်အတူ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန်နှင့် (၈)ကြိမ်မြောက် CLMV၊ (၇) ကြိမ် မြောက် ACMECS ထိပ်သီး အစည်းအဝေး များနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်- မဲခေါင် ညီလာခံသို့တက်ရောက်ရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ဗီယက်နမ်နိုင်ငံသို့ထွက်ခွာသည်။
နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့်အဖွွဲ့အား နို်င်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ််ချုပ်မိုးမြင့်ထွန်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ MR. NGUYEN THANH VINH နှင့် တာဝန်ရှိသူတို့က နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့် ဇနီးနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဦးကျော်ဝင်း၊ ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများလိုက်ပါသွားကြသည်။
Credit : Myanmar President Office Facebook