နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိ
နေပြည်တော် နိုဝင်ဘာ ၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်း တွင် ဂျပန်နိုင်ငံတိုကျိုမြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ တာတဲရှိ ဟိဂူချီ၊ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးသူရိန်သန့်ဇင်နှင့်ဇနီး၊ စစ်သံမှူးဗိုလ်မှူးချုပ် စောမင်းနှင့်ဇနီး၊ ဂျပန်နိုင်ငံ ခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Kaoru Shimazaki၊ နှင့် တာဝန်ရှိသူများက နရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မြို့တော်ဝန်၊ ဂျပန် သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
Credit : Myanmar State Counsellor Office Website