ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အသိပေးကြေညာချက်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်၍ ဗြိတိန်ရောက် မြန်မာနိုင်ငံသားများ သိရှိနိုင်ပါရန် ဖြစ်စဉ်များနှင့် နိုင်ငံတော်အစိုးရ၏ အရေးယူဆောင်ရွက်ချက်များအား သိရှိနိုင်ပါရန် အသိပေးကြေညာအပ် ပါသည်။
အကြမ်းဖက်အဖွဲ့ဝင်အင်အား (၄၀၀)ခန့်သည် ရခိုင်ပြည်နယ် မောင်တောဒေသ တစ်ဝှိက်ရှိ နေရာ(၆)နေရာအား တစ်ချိန်တည်း တစ်ပြိုင်နက်တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သော် လည်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကင်းစခန်း နှင့် ငါးခူရနယ်ြမေရုံးစသည့် (၃)နေရာသို့ အလစ်အငိုက်ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြပြီး၊ လက်နက်ခဲယမ်းများအား ယူဆောင်သွားခဲ့ကြပါသည်။ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် (၉)ဦး ကျဆုံးခဲ့ပြီး၊ လက်နက်မျိုးစုံနှင့် ခဲယမ်းမီးကျောက်များ ဆုံးရှုံးခဲ့ရပါသည်။
ယခုတိုက်ခိုက်မှုများအား RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွယ်လျက်ရှိသည့် မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့၏ ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ဦးဆောင်သူမှာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ် ကျေးရွာနေ အစွန်းရောက်တစ်ဦးဖြစ်သည့် ဟာဗစ်တူဟာရ်ဖြစ်ပြီး၊ ၎င်းသည် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်များ ထံတွင် (၆)လ သင်တန်းတက်ရောက်ခဲ့သူဖြစ်ကြောင်း သိရှိရပါသည်။ ၎င်းသည် ဘင်္ဂလားဒေ့်ရှ် နိုင်ငံရှိ တကနာဖ်အနီးရှိ ကျေးရွာတစ်ရွာတွင်လည်း သွားရောက်နေထိုင်လေ့ရှိပြီး၊ ဒုက္ခသည် အမည်ခံ၍ အရှေ့အလယ်ပိုင်းနိုင်ငံများရှိ အဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုများ ရယူ လျက်ရှိကြောင်း၊ ၎င်းမှ ပါကစ္စတန်နိုင်ငံသား ခါလစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိကြသူ(၁၂)ဦးတို့ဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်းသိရှိ ရပါသည်။ ၎င်းတို့သည် လွန်ခဲ့သော(၅)လမှစ၍ မောင်တောဒေသသို့ ရောက်ရှိခဲ့ပြီး ဒေသနေ အစွန်းရောက်လူငယ်များ အား အကြမ်းဖက်တိုက်ခိုက်မှုများဆောင်ရွက်ရန် စစ်သင်တန်းများ ပေးခဲ့ကြောင်း သိရှိရပါသည်။
ယခုဖြစ်စဉ်များအရ အကြမ်းဖက်မှုလုပ်ရပ်များအား အဆိုပါဒေသများတွင် အများစု ရောက်ရှိနေထိုင်လျက်ရှိသည့် အစ္စလာမ်ဘာသာဝင်များအတွင်း အစွန်းရောက် အကြမ်းဖက်ဝါဒ တိုးမြှင့်လာစေရန် စည်းရုံးသိမ်းသွင်းဆောင်ရွက်ခြင်း၊ မောင်တောဒေသကို ခြေကုတ်ယူ၍ ဘူးသီး တောင်၊ မောင်တောဒေသကို သိမ်းပိုက်ရန် ကြိုးပမ်းခြင်း၊ အရှေ့အလယ်ပိုင်းနိုင်ငံ အချို့ရှိ အစွန်း ရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးပံ့ပိုးမှုကို ရယူခဲ့ခြင်း၊ ပြည်ပထောက်ခံမှု၊ ဘာသာရေးအစွန်းရောက် များ ပူးပေါင်းပါဝင်လာစေရန်အတွက် အင်တာနက်၊ လူမှုရေးကွန်ရက်များမှတစ်ဆင့် ဗွီဒီယိုများ လွှင့်တင်၍ ဝါဒဖြန့်ချိခြင်းများအား လုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။ မောင်တောဒေသရှိ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် ပြည်ပရှိ အကြမ်းဖက်အဖွဲ့အစည်းများ၊ အကြမ်းဖက်အား ပေး လူပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုများဖြင့် အစီအစဉ်တကျ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
အကြမ်းဖက်သမားများမှ အကြမ်းဖက်မှုလုပ်ရပ်များအား အဆိုပါဒေသများတွင် ယနေ့အထိ ဆက်လက်လုပ်ဆောင်လျက်ရှိရာ တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့များ ပူးပေါင်း၍ အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်ခံရမှုများ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိသကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နိုင်ငံ တကာအဖွဲ့အစည်းများတို့မှ စားနပ်ရိက္ခာများ ထောက်ပံ့လျက်ရှိပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အခြားလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ တည်ဆဲ ဥပဒေများနှင့်အညီ ထိထိရောက်ရောက်ကာကွယ် တုန့်ပြန်ချေမှုန်းသွားမည်ဖြစ်ပြီး၊ မောင်တော ဒေသ အကြမ်းဖက်တိုက်ခိုက်မှုသာမက မည်သည့်အကြမ်းဖက်တိုက်ခိုက်မှုမျိုးမဆို ထိထိရောက် ရောက်တုံ့ပြန်ချေမှုန်းသွားမည်ဖြစ်ပါသည်။ အကြမ်းဖက်မှုများအား နောက်ကွယ်မှ ကြိုးကိုင်စီစဉ်သူ များ၊ တိတ်တဆိတ်ပံ့ပိုးကူညီသူများ၊ အားပေးသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအား ဆက်လက် စုံစမ်းဖော်ထုတ်၍ ထိထိရောက် ရောက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများကို အခွင့်ကောင်းယူ၍ သွေးထိုးလှုံ့ဆော်သူများအားလည်း ဥပဒေနှင့် အညီ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စ များအား သိမ်မွေ့စွာြဖေရှင်းနိုင်ရန်နှင့် ရေရှည်နည်းလမ်းကောင်းများရရှိရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဖြစ်သူ နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် ဦးဆောင်သော အကြံပေးကော်မရှင်တစ်ရပ်အား ၂၄-၉-၂၀၁၆ ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်မှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ သတင်းဖြစ်စဉ်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် ဆောင် ရွက်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ ၉-၁၀-၂၀၁၆ ရက်နေ့တွင် တစ်ကြိမ်၊ ၁၇-၁၀-၂၀၁၆ ရက်နေ့တွင်တစ်ကြိမ်၊ ၁၆-၁၁-၂၀၁၆ ရက်နေ့တွင်တစ်ကြိမ် သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခဲ့ပြီး ပြည်သူများအား အသိပေးတင်ပြခဲ့ပြီးဖြစ်ပါသည်။
ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာမှ ဖိအားပေးမှုများ၊ နိုင်ငံတကာ မီဒီယာများနှင့် ပြည်ပရှိ အဖွဲ့အစည်းအချို့တို့မှ သွေးထိုးလှုံ့ဆော်မှုများ၊ သတင်းမှားများ ဖြန့်ဝေ ခြင်းများ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံတကာစာမျက်နှာတွင် မြန်မာနိုင်ငံအပေါ် အကြည်ညိုပျက် စေရန်နှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိနေပါသည်။
သို့ဖြစ်ပါ၍ ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် လက်ရှိ နိုင်ငံတော်အစိုးရမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေမှန်များကို သိရှိနားလည်ပြီး၊ အကြမ်း ဖက်မှု အန္တရာယ်များကို သတိဝီရိယဖြင့် ဂရုပြုကြရန်နှင့် စည်းလုံးညီညွတ်စွာဖြင့် အကြမ်းဖက် လုပ်ရပ်များအား ဝိုင်းဝန်းဆန့်ကျင်သွားကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မဟုတ်မမှန် သတင်းဝါဒဖြန့်ဝေမှုများအပေါ် မှန်ကန်စွာဝေဖန်ပိုင်းခြားသိရှိနိုင်ရန်တို့ အတွက် နိုင်ငံတော်အစိုးရမှ သတင်းအမှန်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိသည့် အောက်ဖော်ပြပါ သတင်းဝက်ဘ်ဆိုက်များတွင် ကြည့်ရှုနိုင်ပါကြောင်း အသိပေးကြေညာအပ် ပါသည် -
သတင်းဝက်ဘ်ဆိုက်လိပ်စာများ
နိုင်ငံတော်သမ္မတရုံး သတင်းဝက်ဘ်ဆိုက်
http://www.president-office.gov.mm/zg/?q=rakhine
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းဝက်ဘ်ဆိုက်
http://www.statecounsellor.gov.mm/zg/rakhine-state
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေး Facebook စာမျက်နှာ
https://www.facebook.com/#!/SCOInfoC/?fref=ts
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ လန်ဒန်မြို့။
၂၃-၁၁-၂၀၁၆