ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် ၂၈-၁၁-၂၀၁၆ ရက်နေ့တွင် ကျင်းပပြုလုပ် ခဲ့သော Myanmar Trade and Investment Forum 2016 သို့တက်ရောက်ရန်အတွက် လန်ဒန်မြို့သို့ ၂၆-၁၁-၂၀၁၆ ရက်နေ့မှ ၂-၁၁-၂၀၁၆ ရက်နေ့အထိ လာရောက်ခဲ့ပါသည်။ လန်ဒန်မြို့သို့ရောက်ရှိစဉ်အတွင်းပြည်ထောင်စုဝန်ကြီးသည် Department of International Trade မှဝန်ကြီးဖြစ်သူ Mr. Mark Garnier MP ၊ Department for International Development မှ ဒုတိယဝန်ကြီးဖြစ်သူ Rory Stewart MP ၊ House of Lord မှ Lord Green of Hurstpierpoint နှင့် Paul Scully MP တို့နှင့်တွေ့ဆုံခဲ့ပါသည်။ ထို့နောက် London School of Economics သို့လည်းသွားရောက်လေ့လာခဲ့ပါသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့