ဗြိတိသျှေကာင်စီ၏ဖိတ်ကြားချက်အရ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်သည့် ဗြိတိန်နိုင်ငံ၏အဆင့်မြင့်ပညာရေး လေ့လာရေး မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၂၇-၁၁-၂၀၁၆) ရက်နေ့မှ (၆-၁၂-၂၀၁၆) ရက်နေ့အထိ ဗြိတိန်နိုင်ငံသို့ရောက်ရှိခဲ့ပါသည်။
အဆိုပါအဖွဲ့သည် ဗြိတိန်နိုင်ငံတွင် ရှိစဉ်အတွင်း ဗြိတိန်နိုင်ငံရှိ British Council , House of Parliament, Department for International Development, University of Warwick, University of Manchester, Liverpool John Moore University, St Hugh’s College သို့သွားရောက်၍ အဆင့်မြင့် ပညာရေးများကို လေ့လာဆွေးနွေးခဲ့ ပါသည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်တွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတပညာသင်ဆုရကျောင်းသူ ကျောင်းသားများနှင့်အတူ ဗြိတိန်နိုင်ငံရောက် မြန်မာကျောင်းသူ၊ ကျောင်းသားများ၏ ပညာရေးကိစ္စရပ်များကို ကူညီပံ့ပိုးပေးနေသည့် ကိုယ်စားလှယ်အချို့တို့နှင့်လည်း မြန်မာသံရုံး လန်ဒန်မြို့၌ တွေ့ဆုံ၍ မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုများအကြောင်း ဆွေးနွေးခဲ့ပါသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့