ဗြိတိန်နိုင်ငံ၏ ဆေးပညာ ပြုပြင်ပြောင်းလဲရေးများကို လေ့လာရန်အတွက် ရောက်ရှိလာသည့် မြန်မာနိုင်ငံ ဆေးပညာကဏ္ဍ ပြုပြင်ပြောင်းလဲရေး ကော်မတီမှ ပါမောက္ခ ဒေါက်တာ ဦးအေးမောင်ဟန် ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့၌ ဗြိတိန်နိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော သံအမတ်ကြီး ဦးကျော်စွာမင်းမှ သွားရောက် တွေ့ဆုံခဲ့ပါသည်။