၂၀၁၇-၁၈ ပညာသင်နှစ် အခြေခံပညာ သင်ယူခြင်း အစီအစဉ် အတွက် သင်တန်းသားများ ခေါ်ယူခြင်း
၁။ အထက်ပါ အကြောင်းအရာနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၇ခုနှစ်၊ မေလ (၉) ရက်၊ ရက်စွဲပါ စာအမှတ် ၁၁ ၂၂ ၀၄ (၂၀၈) အရ ဗြိတိန်နိုင်ငံ တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသား ကလေးငယ်များ အနေဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် အခြေခံပညာ သင်ယူခြင်း အစီအစဉ်သင်တန်း တက်ရောက်နိုင် မည် ဖြစ်ပါသည်။
၂။ လျှောက်ထားသူသည် အောက်ပါ အချက်အလက်များနှင့် ပြည့်စုံရမည် ဖြစ်ပါ သည်-
(က) မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာနိုင်ငံသား ကလေး ငယ် ဖြစ်ရပါမည်။ အထောက်အထားအဖြစ် မြန်မာနိုင်ငံသား မိဘ၏ နိုင်ငံကူး လက်မှတ် မိတ္တူမှန်နှင့် ကလေးငယ်၏ နိုင်ငံကူးလက်မှတ် မိတ္တူမှန် တင်ပြရ ပါမည်။
(ခ) သူငယ်တန်းသို့ တက်ရောက် သင်ယူခွင့် လျှောက်ထားသူသည် ၂၀၁၇ခုနှစ် မေလ (၃၁) ရက် နေ့တွင် အသက် (၅) နှစ် ပြည့်ပြီးသူ ဖြစ်ရပါမည်။ အထောက် အထားအဖြစ် မွေးစာရင်း မိတ္တူမှန် တင်ပြရပါမည်။ (သို့မ ဟုတ်) ပူးတွဲ ဖေါ်ပြပါ ပုံစံ (က) အတိုင်း ဖြည့်စွက်ပြီး တစ်ပါတည်း တင်ပြရပါမည်။
(ဂ) အခြားအတန်းများအတွက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် အမြင့်ဆုံး အောင်မြင်ခဲ့သော အတန်းအထောက်အထားဖြင့် အောင်လက်မှတ် (သို့မ ဟုတ်) ကျောင်းထွက် လက်မှတ် မူရင်းကို တင်ပြရပါမည်။ (နိုင်ငံခြား ရောက် မြန်မာနိုင်ငံသား ကလေးငယ်များ အခြေခံပညာသင်ယူခြင်း အစီ အစဉ်မှ သင်ယူပြီး မြောက် အောင်မြင်သူများအတွက် တင်ပြရန် မလိုပါ)
(ဃ) ကျောင်းသုံးစာအုပ်များကို မိမိတို့ အစီအစဉ်ဖြင့်ဝယ်ယူလေ့လာရမည် ဖြစ်ပါသည်။ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲဆိုင်ရာ ဘာသာရပ်အလိုက် လျာထားသော သင်ခန်းစာများကို မြန်မာသံရုံးရှိ ပညာရေးတာဝန်ခံ အရာရှိထံမှ ရယူနိုင်ပါသည်။
(င) လျှောက်ထားသူသည် ပူးတွဲပါ သင်တန်းဝင်ခွင့် လျှောက်လွှာပုံစံအတိုင်း ဖြည့် စွက်ပြီး လျှောက်လွှာ(၂) စုံတွင် ပတ်စ်ပို့ဓါတ်ပုံ(၂) ပုံ ကပ်၍ ပေးပို့ရန်နှင့် အဆိုပါ လျှောက်လွှာများအား မြန်မာသံရုံး၊ လန်ဒန်သို့ (၂၆-၅-၂၀၁၇။ သောကြာနေ့) ထက် နောက်မကျဘဲ ပေးပို့ရမည် ဖြစ်ပါသည်။
(စ) သင်တန်းသို့ ဝင်ခွင့်ရသည့် ကျောင်းသူ၊ ကျောင်းသားများသည် ပထမ နှစ်ဝက်နှင့် ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲများ ဝင်ရောက်ဖြေဆို အောင်မြင် ခြင်း ရှိမှသာလျှင် အောင်စာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် တက်ရောက်လိုသည့် မြန်မာ နိုင်ငံသား ကလေးငယ်များ ရှိပါက အခြေခံပညာ သင်ယူခြင်း အစီအစဉ်သင်တန်း လျှောက်လွှာများကို ဖြည့်စွက်ပြီး သတ်မှတ်ရက် (၂၆-၅-၂၀၁၇။ သောကြာနေ့) ထက် နောက်မကျဘဲ မြန်မာသံရုံး ၊ လန်ဒန်သို့ပေးပို့ လျှောက်ထားနိုင်ပါသည်။