ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ (၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြား
(၂၀-၉-၂၀၁၇ ရက်နေ့၊ နယူးယောက်မြို့)
(၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ ဒုတိယနေ့ကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒေသစံတော်ချိန် ၂၀းဝ၀ နာရီတွင် အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ပါဝင်တက်ရောက်ပြောကြားခဲ့ပါသည်။
ဒုတိယသမ္မတမှ ဆွေးနွေးပြောကြားရာတွင် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ခဲ့သည့်ကိစ္စ၊ နိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် ရေရှည်တည်တံ့သော အဖြေတစ်ရပ်ရရှိရေးအတွက် မြန်မာအစိုးရမှ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အလေးပေးရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါသည်။