ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းသို့ လှူဒါန်းနိုင်ပါကြောင်း အသိပေးခြင်း
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် ဖေ့ဘုတ်စာမျက်နှာ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်မည့် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုး ရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine- UEHRD) အား အောက်ဖော်ပြပါ အဓိကလုပ်ငန်းစဉ်ကြီး (၃)ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက် တစ်ရပ် ထုထတ်ပြန်ခဲ့ပါသည်-
လုပ်ငန်းစဉ်(၁) လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထိထိ ရောက်ရောက်ပေးအပ်ရေးနှင့် ဒုက္ခသည်များ
ပြန်လည်လက်ခံရေး
လုပ်ငန်းစဉ်(၂) ပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေး
လုပ်ငန်းစဉ်(၃) ဒေသဖွံ့ဖြိုးရေးနှင့်ရေရှည်ပဋိပက္ခကင်းဝေးရေး
အဆိုပါ ဖွံ့ဖြိုးရေးစီမံကိန်းတွင် နိုင်ငံတော်အစိုးရနှင့်အတူ ပြည်တွင်း/ပြည်ပ နိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ/အလွှာစုံပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှု တို့အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းသို့ လှူဒါန်းလိုသူများသည် ဆက်သွယ်လှူဒါန်းနိုင်မည့် ဘဏ်စာရင်းများကို http://rakhine.unionenterprise.org/ အင်တာနက်စာမျက်နှာတွင် အသေးစိတ်ဖော်ပြ ထားပါသဖြင့် ဆက်သွယ်ချိတ်ဆက်လှူဒါန်းနိုင်ပါကြောင်းနှင့် လိုအပ်သည့်အကူအညီများအား မြန်မာသံရုံး၊ လန်ဒန်မြို့သို့ ချိတ်ဆက် တောင်းခံနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။