Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ၂၅-၁၀-၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ကြေညာချက်တစ်ရပ်ထုတ်ပြန်

မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ ၂၅-၁၀-၂၀၁၇ ရက်နေ့တွင် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ကြေညာချက်တစ်ရပ်ထုတ်ပြန် ခဲ့ပါသည်။

အဆိုပါကြေညာချက်တါင် ရခိုင်ပြည်နယ်တွင် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကြောင့် ဒေသခံတိုင်းရင်းသား များ၊ အပြစ်မဲ့ပြည်သူအချို့သေဆုံး၊ ဒဏ်ရာရခြင်း၊ နေရပ်စွန့်ခွာရခြင်းများအတွက် ၄င်းတို့အဖွဲ့ချုပ်အနေဖြင့် ပြင်းထန်စွာရှုတ်ချ ပါကြောင်းနှင့် ထိခိုက်နစ်နာဆုံးရှုံးရသူ မိသားစုများနှင့်အတူ ဝမ်းနည်းကြေကွဲရပါကြောင်း၊ ပြည်ပမီဒီယာများမှ သတင်းမှန်များ အား ထိန်ချန်၍ သတင်းရေးသားဖော်ပြနေမှုအပေါ် စိတ်မကောင်းဖြစ်ရပါကြောင်း၊ နိုင်ငံတကာမှ နိုင်ငံတော်အစိုးရအား ကန့်သတ်ချုပ်ခြယ်ဖိအားပေးစေခိုင်းခြင်းများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်များအား ယင်းနိုင်ငံများကိုယ်တိုင် ဖောက်ဖျက်ကျူးလွန်နေသကဲ့သို့ ဖြစ်နေခြင်းကြောင့် စိုးရိမ်ပူပန်ခြင်းများဖြစ်ရပါကြောင်း၊ အချို့သောပြည်ပနိုင်ငံများ၏ ရပ်တည်မှုများသည် လူသားမျိုးနွယ်တစ်ခုအတွက်သာ ဘက်လိုက်အကာအကွယ်ပေး ရပ်တည်နေ သည့်အတွက် ဝမ်းနည်းခံစားရကြောင်း၊ နိုင်ငံတော်အစိုးရ၏ ကြိုးစားအားထုတ်ဆောင်ရွက်မှုများကို အသိအမှတ်ပြုထောက်ခံ ပါကြောင်း၊ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးစားဆောင်ရွက်နေသော အခြေအနေအရပ်ရပ်အား အသိအမှတ်ပြု နားလည်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မြန်မာနိုင်ငံဧဝံဂေလိခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်မှ မေတ္တာရပ်ခံ ကြောင်းစသည်ဖြင့် ဖော်ပြထားပါသည်။

Reference: Ministry of Foreign Affairs

Announcements

Latest Updates

Tuesday 15, January, 2019 PRESS STATEMENT

Activities