နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက ပဋိပက္ခအခြေအနေအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဘာသာရပ်ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်အားလက်ခံတွေ့ဆုံ
( ၁၄-၁၂-၂၀၁၇ ရက်၊ နေပြည်တော်)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ၁၄-၁၂-၂၀၁၇ ရက်နေ့ ၁၅းဝ၀နာရီတွင် ပဋိပက္ခအခြေအနေအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှု ဘာသာရပ်ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဖြစ်သူ မစ္စပရာမီလာ ပတ်တန် အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာတြင္ အမျိုးသမီးများအခွင့်အရေးများကာကွယ်ရာ၌ ကုလသမဂ္ဂအနေဖြင့် နည်းပညာပိုင်း အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပေးအပ်မှုဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။