Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ IMO ၏ အတွင်းရေးမှူးချုပ်ထံ International Convention on Civil Liability for Bunker Oil Pollution Damage 2001 တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်သည့် စာချွန်လွှာအား အပ်နှံ (၁၉-၁-၂၀၁၈ ရက်၊ လန်ဒန်မြို့)

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းသည် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (International Maritime Organization - IMO)မှ ပြဋ္ဌာန်း ထားသော သင်္ဘောများမှ မောင်းဆီ (လောင်စာဆီ) ယိုဖိတ်မှုကြောင့် ညစ်ညမ်းပျက်စီးခြင်း အတွက် တရားမကြောင်းအရ ပေးလျော်ရန် တာဝန်ရှိမှု အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ၂၀၀၁ (International Convention on Civil Liability for Bunker Oil Pollution Damage 2001) တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ကြောင်း စာချွန်လွှာ (Instrument of Accession) ကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ် Mr. Kitack Lim ထံသို့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် လန်ဒန်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်ရုံး၌ သွားရောက်အပ်နှံခဲ့ပါသည်။

အဆိုပါ International Convention on Civil Liability for Bunker Oil Pollution Damage 2001 ၏ Article 14 (2) အရ စာချုပ်အား အတည်ပြုပါဝင်ပြီး၊ စာချွန်လွှာအား မှတ်ပုံတင်သောရက်မှ စတင်၍ (၃)လပြည့်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံအတွက် စာချုပ် စတင် အာဏာသက်ဝင်မည်ဖြစ်ပါကြောင်း သိရှိရပါသည်။

(သတင်း/ဓါတ်ပုံ - မြန်မာသံရုံး၊ လန်ဒန်မြို့)

Announcements

Monday 19, November, 2018 INVITATION FOR TENDER

Latest Updates

Activities