Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံသို့ ထွက်ခွာ (၂၄-၁-၂၀၁၈၊ နေပြည်တော်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံသို့ ထွက်ခွာ
(၂၄-၁-၂၀၁၈၊ နေပြည်တော်)

အိန္ဒိယသမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅-၂၆ ရက်နေ့ များတွင် ကျင်းပမည့် အာဆီယံ-အိန္ဒိယဆွေးနွေးဘက်ဆက်ဆံရေး (၂၅)နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနှင့် အိန္ဒိယနိုင်ငံ၏ (၆၉)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန်အတွက် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ် ဖြင့် ထွက်ခွာသွားပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရှိရပါသည်

Announcements

Monday 19, November, 2018 INVITATION FOR TENDER

Latest Updates

Tuesday 15, January, 2019 PRESS STATEMENT

Activities