၂၀၁၈ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ ကိုရီးယားသမ္မတနိုင်ငံ၊ ပန်မွန်ဂျုံ အပစ်အခတ် ရပ်စဲရေးကျေးရွာတွင် ကိုရီးယားသမ္မတနိုင်ငံနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ ခေါင်းဆောင်များအကြား ကျင်းပပြုလုပ်ခဲ့သည့် သမိုင်းဝင် ကိုရီးယားနှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ကြိုဆိုပါ သည်။
အဆိုပါသမိုင်းဝင် ထိပ်သီးအစည်းအဝေး၏ အပြုသဘောဆောင်သည့် ရလဒ်များသည် ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အထောက်အကူပြုစေမည် ဖြစ်ပြီး၊ နောက်ဆုံးတွင် ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးနှင့် နျူကလီးယားလက်နက်ကင်းစင်ရေးကို ဖော်ဆောင်ပေးနိုင်မည်ဟု မြန်မာနိုင်ငံ အစိုးရအနေဖြင့် မျှော်လင့်ပါသည်။ အဆိုပါ သမိုင်းဝင် ထိပ်သီးအစည်းအဝေး ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကြိုးပမ်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံအနေဖြင့် ချီးကျူးပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မေလ ၂ ရက်။