EMBASSY OF THE REPUBLIC OF THE UNION OF MYANMAR
19 A Charles Street, London W1J 5DX
Tel: 020 3397 4463 Fax: 020 7409 7043
ပြည်ထောင်စုအစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် စာရင်းပြုစုရန်နှင့် ကြိုတင်ဆန္ဒမဲပေးရန်
ပုံစံ(၁၅)ဖြည့်စွက် ပေးပို့ရေးကိစ္စနှင့် ပတ်သက်၍ အသိပေးကြေညာချက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ လွှတ်တော်အသီးသီး၏ လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာများ အတွက် ကြားဖြတ်ရွေးကောက်ပွဲအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေများ၌ ကျင်းပသွားရန်ရှိသဖြင့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများအလိုက် ပြည်ပရောက်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းအား ပြုစုလျက်ရှိပါသည်။
၂။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဗြိတိန်နိုင်ငံနှင့် ပူးတွဲတာဝန်ယူထားသည့် အိုင်ယာလန် သမ္မတနိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့တွင် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေ သည့် မဲဆန္ဒရှင်၊ သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင် ထားသည့် အသက်(၁၈)နှစ် ပြည့်ပြီးသူ မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပူးတွဲပါပုံစံ(၁၅)အား ပြည့်စုံမှန်ကန် တိကျစွာ ဖြည့်စွက်လျက် လက်ရှိကိုင်ဆောင်ထားသည့် သက်တမ်းရှိနိုင်ငံကူးလက်မှတ် မိတ္တူ နှင့်အတူ အောက်ဖော်ပြပါ မြန်မာသံရုံးလိပ်စာသို့ ၉-၇-၂၀၁၈ ရက်နေ့ နောက်ဆုံးထား၍ ၊ စာတိုက်မှသော်လည်း ကောင်း၊ အီးမေးလ်မှသော်လည်းကောင်း၊ တောင်းဆိုသူကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ် ဖြင့်သော် လည်းကောင်း၊ ပေးပို့ပါရန် အသိပေး ကြေညာအပ်ပါသည်-
မြန်မာသံရုံး၊ လန်ဒန်မြို့ - 19A Charles Street, W1J5DX, London
Tel : +44207 1480 740, 0207 4994 340
Email: [email protected]
၃။ ကြားဖြတ်ရွေး ကောက်ပွဲပြုလုပ်မည့် လွတ်တော်ကိုယ်စားလှယ်အသီးသီး၏လစ်လပ်မဲဆန္ဒနယ်မြေများစာရင်းအား ထုတ်ပြန်ကြေညာထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ ၈-၅-၂၀၁၈ ရက်စွဲပါ ကြေညာချက်အမှတ် (၆၀/၂၀၁၈)အား ပူးတွဲဖော်ပြအပ်ပါသည်။
(ကြိုတင်ဆန္ဒမဲတောင်းခံရန် ပုံစံ(၁၅)များ ကို မြန်မာသံရုံး၏ website လိပ်စာ www.londonmyanmarembassy.com နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ website လိပ်စာ www.uecmyanmar.org များမှ ရယူနိုင်ပါသည်)
၄။ မဲဆန္ဒရှင်များအနေဖြင့် ပုံစံ(၁၅)များ ဖြည့်စွက်ရာတွင် အချက်အလက်များအား ပြည့်စုံမှန် ကန်စွာ ဖြည့်စွက်လျက်၊ ပြည်ပရှိ နေရပ်လိပ်စာအား အင်္ဂလိပ်ဘာသာဖြင့် ပြည့်စုံစွာ (အထူးသဖြင့် နိုင်ငံ နှင့်မြို့အမည်များအား) ဖြည့်သွင်းရေးသားရန်နှင့် ဆက်သွယ်ရန် ဖုံးနံပါတ်၊ အီးမေးလ်လိပ်စာ တို့အား လည်း သီးခြားဖော်ပြရေးသားပေးပို့ရန်ဖြစ်ပါသည်။ ထိုသို့ပေးပို့ရာတွင် မြန်မာသံရုံးသို့ နောက်ဆုံးထား အရောက်ပေးပို့ရန် သတ်မှတ်ထားသည့် ၉-၇-၂၀၁၈ ရက်နေ့ နောက်ပိုင်းပေးပို့ ရောက်ရှိလာသည့် ပုံစံ(၁၅)များအား လက်ခံဆောင်ရွက်သွားမည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
၅။ ကြိုတင်ဆန္ဒမဲပေးရမည့် နေ့ရက်ကို ထပ်မံအသိပေးအကြောင်းကြားမည်ဖြစ်ပါကြောင်း သိသာ နိုင်ပါရန် ဖော်ပြအပ်ပါသည်။
မြန်မာသံရုံး၊ လန်ဒန်မြို့၊
၂၀၁၈ ခုနှစ်၊ ဇွန်လ(၄)ရက်
စုစုပေါင်း ( ၅) ရွက်