Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

ASEAN-London Committee (ALC) ၏ အလှည့်ကျဥက္ကဋ္ဌ အနေဖြင့် မကြာမီတာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ဗြိတိန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးအား နှုတ်ဆက်ညစာစားပွဲကျင်းပခဲ့

ASEAN-London Committee (ALC) ၏ အလှည့်ကျဥက္ကဋ္ဌ အနေဖြင့် မကြာမီတာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် ဗြိတိန်နိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီးအား နှုတ်ဆက်ညစာစားပွဲကျင်းပခဲ့ (၅-၆-၂၀၁၈ ရက် ၊ လန်ဒန်မြို့) ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ အာဆီယံနိုင်ငံများ၏ သံရုံးများဖြင့် ဖွဲ့စည်းထားသည့် ASEAN-London Committee (ALC) ၏ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် မြန်မာသံရုံး၊ လန်ဒန်မြို့မှ သံအမတ်ကြီး ဦးကျော်စွာမင်းသည် ဗြိတိန်နိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကြီးအဖြစ် တာဝန်ပြီးဆုံး၍ ဗြိတိန်နိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် H.E. Mr. Dato Ahmad Rasidi Hazizi နှင့် ဇနီးတို့အား နှုတ်ဆက်ညစာစားပွဲကို အာဆီယံ-လန်ဒန်ကော်မတီ အဖွဲ့ဝင်များကိုယ်စား လန်ဒန်မြို့၊ Park City Grand Plaza Hotel ၌ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့၊ ည ၂၁၀၀ နာရီမှ ၂၂၃၀ နာရီ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ အာဆီယံ-လန်ဒန်ကော်မတီမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးယာယီတာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနား၌ သံအမတ်ကြီး ဦးကျော်စွာမင်းမှ နှုတ်ဆက်စကားပြောကြားပြီး အာဆီယံ-လန်ဒန် ကော်မတီ အဖွဲ့ဝင်များကိုယ်စား လက်ဆောင်ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Announcements

Latest Updates

Thursday 08, November, 2018 Invest Myanmar Summit 2019

Activities