Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လူ့အခွင့်အရေးကောင်စီ (၃၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ General Debate တွင် မိန့်ခွန်းပြောကြားခဲ့ (၁၉-၆-၂၀၁၈ ရက်၊ ဂျီနီဗာမြို့

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က လူ့အခွင့်အရေးကောင်စီ (၃၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ General Debate တွင် မိန့်ခွန်းပြောကြားခဲ့
(၁၉-၆-၂၀၁၈ ရက်၊ ဂျီနီဗာမြို့)

ဂျီနီဗာမြို့၊ ကုလသမဂ္ဂရုံး၌ လူ့အခွင့်အရေးကောင်စီ၏ (၃၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း ၁၈-၆-၂၀၁၈ ရက်တွင် လူ့အခွင့်အရေး မဟာမင်းကြီးမှ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ လုပ်ငန်းစဉ်များနှင့် ကမ္ဘာပေါ်ရှိ လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ကာ ယင်းမိန့်ခွန်းနှင့် စပ်လျဉ်း၍ General Debate ကို ၁၉-၆-၂၀၁၈ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

အဆိုပါ General Debate အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ရာ အောက်ပါအချက်များ ပါဝင်ခဲ့ကြောင်း သိရှိရပါသည် -

- လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် အတည်မပြုနိုင်သော အထောက်အထားများကို ရွေးချယ်အသုံးပြုခြင်းထက် ခိုင်မာသော အထောက်အထားများကို အခြေခံ၍ မျှတပြီး ဘက်မလိုက်ဘဲ ဓမ္မဓိဋ္ဌာန်ကျကျ ဖြေရှင်းသောနည်းလမ်းဖြင့် ဆောင်ရွက်သင့်ကြောင်း၊
- လုံခြုံရေးစိန်ခေါ်မှုများကို လျင်မြန်စွာ မဆောင်ရွက်ပါက လူမှုအသိုင်းအဝန်းအတွင်း အကြမ်းဖက်မှုဆိုင်ရာ အန္တရာယ်မှာ ဆက်လက်ကျန်ရှိနေမည် ဖြစ်ကြောင်း၊ မောင်တောဒေသရှိ လုံခြုံရေးစခန်းများသို့ ARSA အကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လုံခြုံရေးအခြေအနေသည် ဆုတ်ယုတ်လာခဲ့ပါကြောင်း၊
- Amnesty International မှ မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ARSA မှ ဟိန္ဒူ (၉၉) ဦးအား အစုအပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကို ဖော်ပြထားပါကြောင်း၊ ဝမ်းနည်းဖွယ် ဖြစ်ရပ်၏ အရင်းအမြစ်မှာ အကြမ်းဖက်မှုကြောင့် ဖြစ်ပြီး အကြမ်းဖက်မှုကို မည်သည့်အခြေအနေမှာမဆို လျစ်လျူရှုနိုင်မည် မဟုတ်ပါကြောင်း၊ ပြဿနာအစကတည်းကပင် ဖြေရှင်းထားရမည်ဖြစ်ကြောင်း၊
- မုတ်သုန်ကာလ ရောက်ရှိလာပြီဖြစ်ရာ လူသားချင်းစာနာမှု အကူအညီများ အလျင်အမြန် လိုအပ်နေပြီး ၂၀၁၇ခုနှစ်၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူညီချက်နှင့် အညီ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို လျင်မြန်စွာ စတင်ဆောင်ရွက်လိုကြောင်း၊
- မြန်မာအစိုးရနှင့် UNDP ၊ UNHCR အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြင့် ကိစ္စများ လျင်မြန်စွာ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယူဆပါကြောင်း၊ ကုလသမဂ္ဂအေဂျင်စီများသည် ပြန်လည်ဝင်ရောက်မှုနှင့် နေရာချထားရေးလုပ်ငန်းစဉ်များနှင့် ရခိုင်ဒေသ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
- မကြာသေးမီကပင် အစိုးရမှ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry) ဖွဲ့စည်းရန် ကြေညာခဲ့ပြီး ယင်းအဖွဲ့အား ပြည်တွင်း/ ပြည်ပ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး ပြည်တွင်း/ ပြည်ပ ဥပဒေနှင့် နည်းပညာ ကျွမ်းကျင်သူများမှ ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊
- မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေး မဟာမင်းကြီးရုံး အပါအဝင် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းအား ရခိုင်ဒေသ၏ အခြေအနေကို ရှုမြင်ရာတွင် ပိုမိုဓမ္မဓိဋ္ဌာန်ကျပြီး ဖြေရှင်းနိုင်မည့် အမြင်ဖြင့်သာ ကြည့်ရှုစေလိုပါကြောင်း၊ ပြစ်တင်ရှုတ်ချခြင်းသည် အခြေအနေကို ဖြေရှင်းနိုင်ရေးအတွက် ကူညီနိုင်မည် မဟုတ်ဘဲ ရခိုင်ဒေသ၏ လက်ရှိအခြေအနေကို ပိုမိုဆိုးရွားစေနိုင်ပါကြောင်း၊ ယင်းသည် အခြေအနေအား ငြိမ်းချမ်းစွာနှင့် ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းနှင့် များစွာ ဆန့်ကျင်နေပါကြောင်း၊

Announcements

Latest Updates

Thursday 08, November, 2018 Invest Myanmar Summit 2019

Activities