Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

တာဝန်ပြီးဆုံး၍ ဗြိတိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်းဖြစ်သူ Mr. Andrew Patrick အား သံအမတ်ကြီး ဦးကျော်စွာမင်း မှလက်ခံတွေ့ဆုံ

                    တာဝန်ပြီးဆုံး၍ ဗြိတိန်နိုင်ငံသို့ ပြန်လည်ရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်းဖြစ်သူ Mr. Andrew Patrick နှင့် ဇနီးတို့အား သံအမတ်ကြီး ဦးကျော်စွာမင်းနှင့်ဇနီးတို့မှ ၈-၈-၂၀၁၈ ရက်နေ့တွင် သံအမတ်ကြီး၏ နေအိမ်၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

                   ထိုကဲ့သို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများနှင့် ပတ်သက်၍ အလွတ် သဘော အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြသည့်အပြင် သံအမတ်ကြီးဦးကျော်စွာမင်းမှ လိုအပ် သည်များရှိပါကလည်း အချိန်မရွေးဆက်သွယ်နိုင်ပါကြောင်းနှင့် တတ်နိုင်သည့်ဘက်မှ ကူညီ ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

                   ထို့နောက် သံအမတ်ကြီးဦးကျော်စွာမင်းနှင့်ဇနီးမှ နေ့လယ်စာဖြင့်တည်ခင်း ဧည့်ခံ ခဲ့ပါသည်။

Announcements

Latest Updates

Friday 28, September, 2018 A letter from British Citizen

Activities