Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် (တတိယနေ့)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် (တတိယနေ့)
(၁-၁၂-၂၀၁၈ ရက်၊ ကတ္တမန္ဒူးမြို့)

နီပေါနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် ၁၀၀၀ နာရီတွင် ကတ္တမန္ဒူးမြို့ရှိ Hyatt Regency Hotel ၌ ကျင်းပသည့် “အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ၂၀၁၈”သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

ယင်းထိပ်သီး အစည်းအဝေးအား “အပြန်အလှန် မှီခိုမှု၊ အကျိုးတူ သာယာဝပြောမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စံနှုန်းများကို အလေးထားပြီး မျက်မှောက်ကာလမှာ မိမိတို့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းကြရေး” ဟူသည့် ခေါင်းစဉ်ဖြင့် နီပေါနိုင်ငံ အစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း (Universal Peace Foundation—UPF) တို့က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတနှင့် အခြား အာရှ-ပစိဖိတ် နိုင်ငံပေါင်း (၄၅) နိုင်ငံတို့မှ အကြီးအကဲများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅၀၀) ကျော် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မွန်းလွဲပိုင်းတွင် နီပေါ-မြန်မာ ချစ်ကြည်ရေးအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား Soaltee Crowne Plaza ဟိုတယ်တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညနေပိုင်းတွင် “အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ၂၀၁၈”သို့ တက်ရောက်လာသော နိုင်ငံအကြီးအကဲများ၊ လွှတ်တော် ဥက္ကဋ္ဌများအား နီပေါနိုင်ငံဝန်ကြီးချုပ်မှ Soaltee Crowne Plaza ဟိုတယ်၌ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားများသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် သမ္မတရုံး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဓါတ်ပုံ - သတင်းစဉ်

Credit: Ministry of Foreign Affairs

Announcements

Monday 25, March, 2019 Myanmar Food in London

Latest Updates

Monday 22, April, 2019 2nd European Buddhist Youth Forum

Activities