Legalization ပြုလုပ်ရာတွင် တင်ပြရန် လိုအပ်သည့် စာရွက်စာတမ်းများ(မြန်မာနိုင်ငံသားများအတွက်)
(၁) သံအမတ်ကြီး၊ မြန်မာသံရုံး၊ လန်ဒန်မြို့သို့လိပ်မူသည့် ကိုယ်ရေး လျှောက်လွှာ (၁)စောင်
(၂) အထွေထွေကိုယ်စားလှယ်လွှဲစာ( General Power ) ၊ အထူးကိုယ်စားလှယ်လွှဲစာ (Special Power)နှင့် Power of Attorney စသည့် ကိစ္စရပ်များအတွက် မြန်မာနိုင်ငံရှိ Notary Public မှ ဆောင်ရွက်ပေးသည့် အခွန်တံဆိပ်ခေါင်းပါ စာချုပ် (မြန်မာ+ အင်္ဂလိပ်) (မူရင်း နှင့် မိတ္တူ)
(၃) လဲွှပြောင်းသူနှင့် အသိသက်သေ(၂) ဦးတို့၏သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် မိတ္တူ
(၄) သံရုံးသို့ ပေးသွင်းရမည့် ငွေ (တစ်စောင်လျှင်) - စတာလင်ပေါင်- (၁၅) တိတိ
မှတ်ချက်။ လဲွှပြောင်းသူနှင့် အသိသက်သေ(၂) ဦးတို့သည် မြန်မာသံရုံးရှိ ကောင်စစ် အရာရှိ ရှေ့မှောက်၌ လက်မှတ်ရေးထိုးကြရမည်ဖြစ်ပါသည်။