Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

လန်ဒန်မြို့တွင် Myanmar Trade and Investment Conference 2019 ကျင်းပ (၂၃-၃-၂၀၁၉ ရက်၊ လန်ဒန်မြို့)

လန်ဒန်မြို့တွင် Myanmar Trade and Investment Conference 2019 ကျင်းပ
(၂၃-၃-၂၀၁၉ ရက်၊ လန်ဒန်မြို့)

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Allen and Overy အဆောက်အဦတွင် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက်က Myanmar Trade and Investment Conference 2019 အား Department for International Trade, British Chamber of Commerce နှင့် UK-ASEAN Business Council တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၊ ဗြိတိန်နိုင်ငံမှ အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ Conference တွင် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး ပြုပြင်ပြောင်းလဲမှုများ ကိုလည်းကောင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဖြစ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လွယ်ကူစွာ ပြုလုပ်နိုင်ရေးကို ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ရင်းနှီးမြှုပ်နှံလိုသူများ ရရှိနိုင်မည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ ပညာရေး၊ တည်ဆောက်ရေး၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးနှင့် ခရီးသွားလာရေး၊ ကုန်ထုတ်လုပ်မှု၊ စွမ်းအင်နှင့် အမျိုးသားသယံဇာတစသည့် ကဏ္ဍများနှင့် ပတ်သက်၍ ရရှိနိုင်မည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ကိုလည်းကောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပညာရေး၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုနှင့် စွမ်းအင် စသည့်ကဏ္ဍများနှင့် ပတ်သက်၍ ဗြိတိန်နိုင်ငံရှိ အစိုးရတာဝန်ရှိသူများ၊ စီးပွားရေးပညာရှင်များ၊ သက်ဆိုင်ရာနယ်ပယ်များမှ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Announcements

Monday 25, March, 2019 Myanmar Food in London

Latest Updates

Monday 22, April, 2019 2nd European Buddhist Youth Forum

Activities