Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

Daily News Brief on Rakhine State Affairs 06/05/2019

ရခိုင်ပြည်နယ်ဆိုင်ရာ နေ့စဉ်သတင်းအကျဉ်းချုပ် (အင်္ဂလိပ်+မြန်မာ) အား ဖော်ပြအပ်ပါသည်။...
(နေပြည်တော်၊ ၆-၅-၂၀၁၉ ရက်)

Senior General Min Aung Hlaing receives ICOE Chairperson
Naypyitaw May 3

Senior General Min Aung Hlaing received a delegation of the Independent Commission of Enquiry headed by its Chair Ms. Rosario Manalo in Nay Pyi Taw on 3 May 2019.

During the meeting, they openly discussed about the matters relating to the importance of investigating with hard evidence until the actual truth was uncovered instead of listening to international accusations and reading one-sided coverages, how an investigation group formed by the Tatmadaw and led by Lt-Gen Aye Win had conducted investigations and had taken action against those who were guilty, relating to the formation of the investigation tribunal in accordance with the Defence Services Act and a legal advisory group to continue related investigations, and how convicted perpetrators would have effective action taken against them in line with the law and how the Tatmadaw would assist ICOE to

 

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ
နေပြည်တော် မေ ၃

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE) ဥက္ကဋ္ဌ ဖိလစ်ပိုင်သံအမတ်ကြီးဟောင်း Ms. Rosario Manalo နှင့် အဖွဲ့အား မေလ ၃ ရက်တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတကာမှ စွပ်စွဲချက်များ၊ တစ်ဖက်သတ်ဖော်ပြချက်များကိုသာ မကြည့်ဘဲ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် အဖြစ်မှန်ပေါ်ပေါက်သည်ထိ စုံစမ်းစစ်ဆေးရန် လိုအပ်သည့်အခြေအနေ၊ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး‌အေးဝင်း ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပြီး အပြစ်ရှိသူများကို အရေးယူခဲ့သည့် အခြေအနေ၊ ယင်းစုံစမ်းစစ်ဆေးမှုအပြင် နောက်ထပ် ပြစ်မှုကျူးလွန်သူများ ရှိ၊ မရှိ ထပ်မံ၍ စစ်ဆေးဖော်ထုတ် အရေးယူနိုင်ရန်အတွက် တပ်မတော်အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးခုံရုံးနှင့် ယင်းစုံစမ်းစစ်ဆေးရေးခုံရုံးကို အထောက်အကူပြုရန် ဥပဒေအကြံပေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးတွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူများရှိပါက ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်မည့် အခြေအနေ၊ ICOE မှ သိရှိလိုသောအချက်များ ရရှိနိုင်ရေး တပ်မတော်က ပူးပေါင်းကူညီ‌ဆောင်ရွက်ပေးသွားမည့် အခြေအနေတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

-သတင်းစဉ်

Announcements

Latest Updates

Activities