Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

Daily News Brief on Rakhine State Affairs 21/05/2019

ရခိုင်ပြည်နယ်ဆိုင်ရာ နေ့စဉ်သတင်းအကျဉ်းချုပ် (အင်္ဂလိပ်+မြန်မာ) အား ဖော်ပြအပ်ပါသည်။......
(နေပြည်တော်၊ ၂၁-၅-၂၀၁၉ ရက်)

UNHCR delegation visits Maungtaw
Maungtaw May 20

A delegation led by Mr. Filippo Grandi, the United Nations High Commissioner for Refugees arrived at Maungtaw on 20 May 2019.

The High Commissioner and delegation held a meeting with the District Administrator and discussed about the implementation process of the MoU signed between the Union Government, the UNDP and UNHCR and possible extensions, holding coordination meetings between the State government and UN agencies, repatriation process, and proliferating the benefits of holding an NVC card.

This is the second visit by the UN High Commissioner for Refugees and his delegation to Rakhine State, it is learnt.

-MNA

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်အဖွဲ့ မောင်တောဒေသသို့ ရောက်ရှိ
 မောင်တော မေ ၂၀

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.FilLippo Grandi နှင့်အဖွဲ့သည် မေလ ၂၀ ရက်တွင် မောင်တောမြို့သို့ ရောက်ရှိကြသည်။

Mr. FilLippo Grandi နှင့်အဖွဲ့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံပြီး နိုင်ငံတော်အစိုးရနှင့် UNDP ၊ UNHCR တို့အကြား လက်မှတ်ရေးထိုးထားသည့် MoU အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် သက်တမ်း တိုးမြှင့်ရေး၊ ပြည်နယ်အစိုးရနှင့် UN အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေး ကျင်းပပြုလုပ်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်၊ NVC ကတ်ကိုင်ဆောင် ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

Announcements

Latest Updates

Activities