ရခိုင်ပြည်နယ်ဆိုင်ရာ နေ့စဉ်သတင်းအကျဉ်းချုပ် (အင်္ဂလိပ်+မြန်မာ) အား ဖော်ပြအပ်ပါသည်။......
(နေပြည်တော်၊ ၂၃-၅-၂၀၁၉ ရက်)
Rakhine State Chief Minister receives UNHCR Chief
Sittway May 22
Rakhine State Chief Minister U Nyi Pu received UNHCR Chief Mr. Filippo Grandi at his office in Sittway on 22 May 2019.
During the meeting, they cordially discussed matters related to implementation process of MoU signed between the Union Government, UNHCR and UNDP and the status of extension, repatriation process of the displaced persons, proliferating the benefits of holding an NVC card widely known, the affairs of internally-displaced persons and closure of IDP camps.
Afterwards, the UNHCR Chief visited Saythama Gyi IDP Camp and Khaung Dukkhar (2) IDP Camp in Sittway.
—MNA
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား လက်ခံတွေ့ဆုံ
စစ်တွေ မေ ၂၂
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Filippo Grandi အား မေလ ၂၂ ရက်တွင် ဝန်ကြီးချုပ်၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရနှင့် UNHCR, UNDP တို့အကြား လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် သက်တမ်းတိုးမြှင့်ရေး၊ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး၊ NVC ကတ်ကိုင်ဆောင်ခြင်း၏ အကျိုးကျေးဇူးများ ကျယ်ပြန့်စွာ သိရှိနိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူများအရေးနှင့် IDP စခန်းများ ပိတ်သိမ်းနိုင်ရေး ဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi သည် စစ်တွေမြို့နယ်အတွင်းရှိ ဆေးသမားကြီး IDP စခန်းနှင့် ခေါင်းဒုက္ကာ (၂) IDP စခန်းတို့သို့ သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
-သတင်းစဉ်