Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း

င်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခြင်း
(၄-၆-၂၀၁၉ ရက်၊ ပရာ့ဂ်မြို့)

ချက်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀၃၀ နာရီတွင် ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးဖွင့်ပွဲသို့ တက်ရောက်သည်။

သံရုံးဖွင့်ပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်နိုင်ငံခြားရေးဝန်ကြီး Mr. Tomas Petricek တို့က သံရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သံရုံးကမ္ဗည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချက်နိုင်ငံခြားရေးဝန်ကြီး Mr. Tomas Petricek တို့သည် အမှာစကားပြောကြားကြပြီး သံရုံးဖွင့်ပွဲသို့တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သံရုံးအတွင်း လိုက်လံကြည့်ရှုပြီး မြန်မာနိုင်ငံမှ ချက်နိုင်ငံ၌ လာရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား၊ ကျောင်းသူများ၊ ချက်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၊ သံရုံးမိသားစုဝင်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Tomáš Petříček၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဦးသောင်းထွန်း၊ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့် ချစ်ကြည်ရေးအဖွဲ့ဝင်များ၊ ချက်သမ္မတနိုင်ငံဆိုင်ရာ အာဆီယံသံရုံးများ၏ သံရုံးအကြီးအကဲများ၊ ချက်သမ္မတနိုင်ငံတွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများနှင့် မြန်မာပညာတော်သင် ကျောင်းသားများ၊ မြန်မာသံရုံး မိသားစုဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဓါတ်ပုံ - သတင်းစဉ်

Announcements

Friday 03, July, 2020 ပုံစံ ၁၅

Latest Updates

Activities