ရခိုင်ပြည်နယ်ဆိုင်ရာ နေ့စဉ်သတင်းအကျဉ်းချုပ် (အင်္ဂလိပ်+မြန်မာ) အား ဖော်ပြအပ်ပါသည်။...
(နေပြည်တော်၊ ၁၉-၆-၂၀၁၉ ရက်)
Chairman of Committee for Supporting Peace and Stability in Rakhine State meets with members of state-level committees in Sittway
Sittway June 18
Chairman of the committee U Aye Tha Aung met with members of the Rakhine State committees at the Rakhine State Government Office in Sittway on 18 June 2019.
At the meeting, Chairman of the committee said the purpose of forming the committee was to deal with the conflicts in the Rakhine State in a timely manner and to submit the report to the Union Government after taking the suggestions from the committee members. Furthermore, he urged members of the state-level committees to travel to the IDP camps and fulfill the requirements of the people displaced by conflicts, to make efforts for helping the students continue to study at the nearest schools, for constructing buildings and shelters for IDPs and for assigning sufficient health workers to provide health services.
Next, secretary, members of the committee and State committee members discussed the current conflicts in Rakhine State and arrangements for conducting field trips in the region.
-MNA
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်ပြည်နယ်ကော်မတီဝင်များနှင့် တွေ့ဆုံ
စစ်တွေ ဇွန် ၁၈
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်သည် ဇွန်လ ၁၈ ရက်တွင် စစ်တွေမြို့၌ ရခိုင်ပြည်နယ်ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် ကော်မတီဥက္ကဋ္ဌက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပြဿနာများအား အချိန်နှင့် တစ်ပြေးညီ ကူညီဖြေရှင်းပေးနိုင်ရန်နှင့် ကော်မတီဝင်များ၏ အကြံဉာဏ်များရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ အစီရင်ခံစာ ရေးသားတင်ပြနိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်နယ်ကော်မတီ်ဝင်များအနေဖြင့် ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများသို့ ကိုယ်တိုင်သွားရောက်၍ တိုက်ပွဲရှောင်ပြည်သူများ၏ လိုအပ်ချက်များကို ထပ်မံ၍ ဖြည့်တင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကျောင်းသားကျောင်းသူများ နီးစပ်ရာ စာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်ရေး၊ ဒုက္ခသည်စခန်းများရှိ ပြည်သူများအတွက် အမိုးအကာ၊အဆောက်အဦးများ ဆောက်လုပ်ပေးရန် ဆောင်ရွက်ပေးနိုင်ရေး၊ ကျန်းမာရေးဝန်ထမ်းများ လုံလုံလောက်လောက် ချထားပေးနိုင်ရေးတို့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြေပြင်ကွင်းဆင်း၍ ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ထပ်မံကွင်းဆင်း လေ့လာဆောင်ရွက်သွားမည့် အခြေအနေများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
-သတင်းစဉ်