ရခိုင်ပြည်နယ်ဆိုင်ရာ နေ့စဉ်သတင်းအကျဉ်းချုပ် (အင်္ဂလိပ်+မြန်မာ) အား ဖော်ပြအပ်ပါသည်။......
(နေပြည်တော်၊ ၂၇-၆-၂၀၁၉ ရက်)
Union Minister receives ILO Liaison Officer
Naypyitaw June 26
Union Minister Dr. Win Myat Aye received Mr. Rory Mungoven, Liaison Officer of ILO (Myanmar) at his office on 26 June 2019.
During the meeting, they discussed on the collaboration of ILO in bringing about social development and harmony among the different people in Rakhine State, creating job opportunities and conducting vocational trainings mentioned in recommendation on Rakhine State with UEHRD project, and the effort of ILO in bringing about full labor rights.
—MNA
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ILO (Myanmar) ရုံးမှ ဆက်ဆံရေးအရာရှိအား လက်ခံတွေ့ဆုံ
နေပြည်တော် ဇွန် ၂၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ILO (Myanmar) ရုံးမှ ဆက်ဆံရေးအရာရှိဖြစ်သူ Mr. Rory Mungoven အား ဇွန်လ ၂၆ ရက်တွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မတူညီသော အသိုက်အဝန်းများအကြား လူမှုသဟဇာတမျှတရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် ILO နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက် များတွင်ပါဝင်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကျွမ်းကျင်မှုများတိုးတက်လာစေရန် သင်တန်းများပေးခြင်း စသည့်လုပ်ငန်းများကို UEHRD ပြည်ထောင်စုစီမံကိန်းဖြင့် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ တွင် အဓမ္မစေခိုင်းမှု လုံးဝမရှိခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသည့် အလုပ်သမားအခွင့်အရေးကို အပြည့်အဝဖော်ဆောင်ရန် ကြိုးပမ်းနေမှုများတွင် ILO က ပူးပေါင်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
-သတင်းစဉ်