Embassy of the Republic of the Union of Myanmar London
Embassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , LondonEmbassy of the Republic of the Union of Myanmar , London

SOLAS PROT 1988’ တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် အတည်ပြုခဲ့သည့် Instrument of Accession အား သွားရောက်အပ်နှံခဲ့ခြင်း

SOLAS PROT 1988’ တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် အတည်ပြုခဲ့သည့် Instrument of Accession အား သွားရောက်အပ်နှံခဲ့ခြင်း

(၅-၇-၂၀၁၉ ရက်၊ လန်ဒန်မြို့ )

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းသည် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် (International Maritime Organization - IMO) မှ ပြဋ္ဌာန်းထားသော ပင်လယ်ပြင်၌ အသက်အန္တရာယ် ကင်းရှင်းရေးအတွက် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ၁၉၇၄ နှင့် စပ်လျဉ်းသည့် ပရိုတိုကောလ် ၁၉၈၈ (Protocol of 1988 relating to the International Convention for the Safety of Life at Sea, 1974 (SOLAS PROT 1988) တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်အတွက် Instrument of Accession အား IMO ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Kitack Lim ထံသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် သွားရောက်အပ်နှံခဲ့ပါသည်။

မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ်မှ ပြဋ္ဌာန်းထားသော ကွန်ဗင်းရှင်းများတွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် နိုင်ငံတကာမှ ချမှတ်ထားသော ပင်လယ်ရေကြောင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း ပင်လယ်ပြင်ပတ်ဝန်းကျင်ညစ်ညမ်းမှုမှ ကာကွယ်ရန်နှင့် ပင်လယ်ပြင်၌ အသက်အန္တရာယ်ကင်းရှင်းရေးကိုလည်း နိုင်ငံတကာနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရပါသည်။

 

 

Announcements

Latest Updates

Activities